Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ရှိ စာရေးဆရာများ ရေးသားသည့် စာအုပ်များ မိတ်ဆက်

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ များဖြစ်သည့် ဦးမောင်မောင်နိုင် - နိုင်မောင်မောင် (LL.B;DBL;DML;DIL) နှင့် ဦးစိုင်းအောင်ကြိုင် - နန်းရွှေလီကြိုင်(မိုင်းပန်)တို့ ရေးသားထုတ်ဝေသည့် စာအုပ်များ မိတ်ဆက်ပွဲကို ယနေ့ ဒီဇင်ဘာ(၁၂)ရက်၊ နံနက်(၇)နာရီမှ စတင်၍ ၀မ်ကောင်း ရပ်ကွက်ရှိ JA(1)စားသောက်ဆိုင်အပေါ်ထပ်တွင် ကျင်းပကြောင်း သိရသည်။


မိတ်ဆက်ပွဲတွင် စာရေးဆရာ နိုင်မောင်မောင် ( LL.B; DBL;DML;DIL)
ရေးသား ထုတ်ဝေသည့် “ အရဟံ ဗောဓိဒေသ နှင့် မျိုးနွယ်တစ်စုမှတ်တမ်း ” စာအုပ် တွင် ပါဝင်သည့် စာပေဆိုင်ရာ မှတ်တမ်း အချက်အလက်များ၊ အထောက်အထားများအား ရေးသား တင်ပြပေးထားမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဆရာနန်းရွှေလီကြိုင် (မိုင်းပန်)၏ (၁၀)အုပ်မြောက် ရေးသားထုတ်ဝေသော “ သပြေခက်ပေါ်မှ မျက်ရည် စက်များ ” အပါအ၀င် ဘ၀သရုပ်ဖော် ကဗျာများ စာအုပ်အား ဘ၀ အတွေ့အကြုံနှင့် ယှဉ်တွဲရေးဖွဲ့ တင်ပြထားမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီး မိတ်ဆက် ရှင်းလင်းဆွေးနွေးသည်။


အခမ်းအနားကို မြို့နယ်စာရေးဆရာအသင်းမှ နာယကများဖြစ်သည့် ဦးစိုင်းကျော်ဇံ (စိုင်းလုံကျော်)၊ ဦးမြင့်လွင် (ဇေယျာမင်း-ကေတု)၊ မြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးထိန်မင်း နှင့် အဖွဲ့ဝင်များ၊ စာပေ၀ါသနာရှင်များ၊ လူမှုရေး အသင်း အဖွဲ့များ တက်ရောက်သည်။


အဆိုပါ “ အရဟံဗောဓိဒေသနှင့်မျိုးနွယ်တစ်စုမှတ်တမ်း ” စာအုပ်နှင့် “ သပြေခက်ပေါ်မှမျက်ရည်စက်များ ” အပါအ၀င် ဘ၀သရုပ်ဖော်ကဗျာ များစာအုပ်အား တာချီလိတ်မြို့၊ ကိုကျော်ကွန်ပျူတာမှ စာစီစာရိုက်ပြီး၊ မျက်နှာဖုံး ဒီဇိုင်းများ ပြုစုစီစဉ်ကာ ရန်ကုန်မြို့ ၊ အနောက်ရန်ကင်းရှိ ရန်အောင်စာပေမှ ထုတ်ဝေဖြန့်ချိခြင်းဖြစ်သည်။ 


ယင်း စာအုပ်များကို တာချီလိတ်မြို့တွင် ၀ယ်ယူလိုပါက တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ အကောက်ခွန်ရုံးရှေ့ရှိ မေတ္တာကွန်ပျူတာနှင့် မိတ္တူဆိုင်တွင် မှာယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

သတင်း။  ။ ဝေယံလင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>