Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တာချီလိတ်၌ ကျင်းပ

$
0
0
၂၀၁၅ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် အခမ်းအနားကို “ ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ၊ ကူးစက်သေဆုံးမရှိရေး ၊ ART (အေအာတီ)ဖြင့် ကုသပေး ” “ Getting to Zero , Zero New HIV Infections . Zero Discrimination and Zero AIDS related Deaths ” ဆောင်ပုဒ်နှင့် အညီ ယနေ့ ဒီဇင်ဘာလ (၄)ရက်၊ နံနက် (၉)နာရီက တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ ကျင်းပရာ
ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ မှ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်သည်။




ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားပြော ကြားရာတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြင့် သေဆုံးသူများကို အမှတ်ရစေရန် နှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တားဆီး ကာကွယ် တိုက်ဖျက်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများတွင် ကျန်းမာရေး ၀န်ကြီးဌာနနှင့်အတူ နှီးနွှယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနုပညာရှင် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ HIV ပိုးကူးစက်ခံရသူများ၊ မိသားစုများ အပါအ၀င်ပြည်သူလူထု တစ်ရပ်လုံးက ထက်သန်သည့် ဆန္ဒများ၊ နိုးကြား တက်ကြွသည့်စိတ်ဓာတ်များဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရန် နှိုးဆော်သည့်အနေဖြင့် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း ပြောကြားသည်။




ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ဇင်ကိုကိုအောင် က AIDS ရောဂါဖြစ်ပွားမှု အခြေအနေများအား ရှင်းလင်းပြောကြားရာတွင် “ အိပ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံရရန် အန္တရာယ် ရှိသည့် ဦးတည်အုပ်စု များ၏(၉၀)ရာခိုင်နှုန်းမှ ရောဂါကာကွယ်ရေးလုပ်ငန်းများ လက်လှမ်းမီရရှိရေး၊ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးကူးစက်ခံရသူ(၉၀)ရာခိုင်နှုန်းမှ ၄င်းတို့၏ ရောဂါပိုးရှိမှု အခြေအနေကို သိရှိရေး နှင့် အိပ်ခ်ျအိုင်ဗွီပိုးရှိသည်ဟု သိရှိသူများ၏ (၉၀)ရာခိုင်နှုန်းမှ ကုသစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး.."စသည့် ရည်မှန်းချက်များကို ပြောကြားသည်။




တဆက်တည်းမှာပင် ၎င်းမှ"ကုသမှုခံယူနေသူ (၉၀)ရာခိုင်နှုန်းမှ အိပ်ခ်ျ အိုင်ဗွီပိုးကောင်ရေ ထိန်းချုပ်နိုင်သည့် အဆင့်အထိ ရောက်ရှိရေး၊ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရရန် အန္တရာယ်ရှိသည့် ဦးတည် အုပ်စုများနှင့် ပိုးရှင်သန်သူများ၏ (၉၀)ရာခိုင်နှုန်းမှ ခွဲခြားနှိမ့်ချဆက်ဆံခံရမှုမှ ကင်းဝေးရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထောင်စုနှစ်ရည်မှန်းချက်များ ပြည့်မီအောင် ဆက်လက်ဆောင်ရွက်ရန်နှင့် ရေရှည် တည်တံ့နိုင်သော ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း ထည့်သွင်း ပြောကြားသည်။



ယင်းနောက် အေအိုင်ဒီအက်စ်ရောဂါဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (ASG)ဥက္ကဋ္ဌ ဒေါက်တာ မြင့်အောင် က “ World AIDS Day ” အထိမ်းအမှတ် ဆောင်ပုဒ်အကြောင်း အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးပြီး၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်း အဆင့်၊ အလယ်တန်း အဆင့်၊ မူလတန်းအဆင့် ပန်းချီ ၊ ပိုစတာ၊ ကာတွန်း၊ စာစီစာကုံးပြိုင်ပွဲ များနှင့် မူလတန်းအဆင့်ကဗျာ ရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊
ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်သည်။



ဆုများပေးအပ်ချီးမြှင့်ရာတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး
ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး လှမင်း၊
ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ဇင်ကိုကိုအောင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊
ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးအေးအပ်ချီးမြှင့်ကာ တက်ရောက်လာသည့် ပရိတ် သတ်များက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်ပြဘုတ်များ၊ ဓာတ်ပုံပြဘုတ်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

သတင်း။  ။ ဝေယံလင်း
ဓါတ်ပုံ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်။  ။
ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်....
91 photos
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>