Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရှမ်းပြည်နယ် အလယ်ပိုင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် စစ်ဘေး ဒုက္ခသည်များအတွက် အကူအညီများလိုနေ

$
0
0
ရှမ်းပြည်နယ်အလယ်ပိုင်း၌ SSPP/SSA နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည်များအတွက် စောင်၊ အနွေးထည်နှင့် အစားအသောက်များ လိုအပ်လျှက်ရှိကြောင်း သိရသည်။


"အခု ဟိုင်းပါးမှာ လူတွေများလာတော့ နမ့်ဆန်ကို လူ(၅၀၀)လောက်ခွဲပြီး ထားဖို့ပြင်နေတယ်၊ အဓိက ဆောင်းရာသီဖြစ်လို့ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်၊ ကျွန်တော်တို့လဲ အခုတတ်နိုင်သလောက် မနက်ဖြန်သွားပို့မှာ.."ဟု ရှမ်းပြည်နယ်တောင်ပိုင်း Youth Network မှ ခေါင်းဆောင် ကိုစိုင်းသောင်းထွဋ်စိုးမှ ပြောသည်။

တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည်များမှာ အဓိကအားဖြင့် အနွေးထည်နှင့် စောင်များ၊ အိပ်စက်ရန် အဆောင်များနှင့် အစားအစာများ လိုအပ်လျှက်ရှိကြောင်း နှင့် ယခုလောလောဆယ် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံလျှက်ရှိပြီး ထောက်ပံ့ပေးလျှက်ရှိကြောင်း သိရသည်။


"ဝမ်စိမ်းရွာမှာ ခိုလမ်ကို ဖြတ်သွားတဲ့ ဒုက္ခသည်တွေကို တပ်မတော်က မသွားဖို့ တားဆီးထားတာတွေ ရှိတယ်၊ ကျင်းလိန်းရွာမှာတော့ အများစုက ဝမ်ဟိုင်းရွာက စစ်ပြေးဒုက္ခသည်တွေ ပိုများတယ်၊ အခုဆို စစ်ဖြစ်လို့ ကျောင်းမတက်ရတဲ့ ကလေး အယောက် (၃,၀၀၀)လောက်ရှိတယ်.."ဟု ဒေသခံ ကိုစိုင်းစိုင်းမှပြောသည်။


ရှမ်းပြည်နယ်အလယ်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ ရှမ်းပြည်နယ် အနှံ့အပြားသို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး  လဲချားမြို့တွင် (၅၀၀)ဦး၊ မိုင်းရှုးမြို့ (၁,၀၀၀)၊ ဟိုင်းပါးတွင် (၁,၂၃၇)ဦး၊ ဝမ်ဝတွင် (၁,၀၀၀)ဦး၊ မိုင်းနောင်တွင် (၃၈၀)ဦး၊ ကျောက်မဲတွင် (၁,၀၀၀)ဦး ခန့်ရှိပြီး၊ ဝမ်စိမ်း နဲ့ ကျင်းလိန်ရွာများတွင်လည်း စစ်ဘေးဒုက္ခသည် (၅၀၀)ကျော်ခန့်ရှိပြီး နေရာအနှံ့အပြားတွင် စုစုပေါင်း(၁၀,၀၀၀)ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

"တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေလို့ ၀မ်ဟိုင်းရွာ မူလတန်း ပရဟိတကျောင်းက ကျောင်းသူ/သား (၅၃၇) ယောက်ကို မိဘတွေ ခေါ်ပြေးသွားကြတယ်၊ ကျန်တဲ့ ကလေး (၁၀၉) ယောက်မှာ မိဘမရှိတော့တဲ့ အတွက် ကျေးသီးမြို့နယ်ထဲက ဝမ်ပိန်းဘုန်းကြီးကျောင်းမှာ ရွှေ့ထားရတယ်၊ ၀မ်ဟိုင်းရွာမှာ ပရဟိတ မူလတန်းကျောင်းနဲ့ အထက်တန်းကျောင်းဆိုပြီး (၂)ကျောင်းရှိတယ်၊ အခုစစ်ဖြစ်တဲ့နေရာတွေက ကလေးတွေ အားလုံးပေါင်း (၃,၀၀၀)လောက် ကျောင်းမတက်ရဘူး၊ စာမသင်ရဘူး.."ဟု ၀မ်ဟိုင်းကျေးရွာမှ ဒေသခံတစ်ဦးမှပြောသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>