Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးရန် လျှောက်လွှာခေါ်ယူ

$
0
0
၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်(၄)ခု၌ ပညာသင်ကြားလိုသော်လည်း ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများအတွက် တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့ကြေးနှင့် ပတ်သက်၍ ပံ့ပို့ပေးသွားမှာ ဖြစ်သည့်အတွက် လျှောက်လွှာများကို ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်၊

တာချီလိတ်မြို့နယ်အတွင်း အစိုးရကျောင်းများမှ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ် နှင့် သူနာပြု တက္ကသိုလ်တို့တွင် တက်ရောက်ကာ ပညာသင်ကြားလိုသူများ အနေဖြင့် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ  ဦးအောင်မျိုးဝင်း - ကွမ်းပစ္စည်းမျိုးစုံ အရောင်းဆိုင်တွင် လာရောက် လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရသည်။

"လာလျှောက်တဲ့ လျှောက်လွှာတွေကို လက်ခံသွားပြီးတော့ ဖောင်ဒေးရှင်းက လျှောက်လွှာစိစစ်ရေးအဖွဲ့နဲ့ သေချာစိစစ်ပြီးတော့ အမှန်တကယ် လိုအပ်နေသူများကို ပညာသင်ကြေးအဖြစ် ထောက်ပံ့ ပေးသွားမှာပါ.."ဟု တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဒေါ်စိုးဥမ္မာက ပြောပြသည်။

ဒေါ်စိုးဥမ္မာ (ဘဏ္ဍာရေးမှူး)
အမှတ်။ ။ ၄/၂၇။  ဝမ်ကောင်းရပ်ကွက်(အုပ်ချုပ်ရေးမှူးရုံးရှေ့)၊ တာချီလိတ်မြို့။
မြန်မာဖုန်း။ ။ 095242865
ထိုင်းဖုန်း။ ။ 0827581300
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>