Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၇)တွင် NLD အနိုင်ရ

$
0
0
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၇)တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ (၆)ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများဆုံးဖြင့် အနိုင်ရသွားကြောင်း ခရိုင်ကော်မရှင်၏ ထုတ်ပြန်ချက်များ၏ ရလဒ်အရ သိရသည်။



ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၇)တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်တို့မှ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ် နှင့် မိုင်းတုံ စသည့် မြို့နယ်ပေါင်း (၅)မြို့နယ် ပါဝင်ပြီး ဒုတိယမဲအများဆုံးအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဝီလ်ဆင်မိုးက မဲရလဒ် ( ၃၆,၁၅၃)မဲရရှိပြီး မဲရလဒ် (၅၆,၂၂၉)မဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလုံစံခတ်က မဲအများဆုံးရရှိကာ အနိုင်ရရှိသွားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles