Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မယ်ဆိုင်မြို့သို့ ၀င်ရောက်မည့် လိုင်စင်ရှိ ဆိုင်ကယ်များအား (၅၀)ဘတ်ဖြင့်သာ ထိုင်းဘက်မှ ဆောင်ရွက်ပေးနေ

$
0
0
မြန်မာနိုင်ငံမှ လိုင်စင်ရှိ မော်တော်ဆိုင်ကယ်များအား ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ခွင့် လက်မှတ်များကို တစ်စီးလျှင် ဘတ်(၅၀)ဖြင့်  ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ဒေသခံများမှသိရသည်။


"ဆိုင်ကယ်တစ်စီး ဘတ်(၅၀)နဲ့ လုပ်ပေးနေတာပါ၊ ဒေသခံတွေအတွက် သင့်တော်တဲ့ဈေးနှုန်းဆိုတော့ လူတော်တော်များများ လာလုပ်ကြတယ် ဆိုင်ကယ် လိုင်စင်စာအုပ်နဲ့ မိတ္တူတွေလိုတယ်.."ဟု ဒေသခံတစ်ဦးထံမှသိရသည်။


ယခင်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်သို့ သွားရောက်မည့် ဆိုင်ကယ်များအား တစ်စီးလျှင်ဘတ် (၃,၀၀၀)နှုန်းဖြင့် ထိုင်းနိုင်ငံတွင်း ၀င်ရောက်ခွင့် လက်မှတ်လေဆာပြားများကို ပြုလုပ်ပေးခြင်းဖြစ်ပြီး နိုဝင်ဘာလ (၇)ရက်နေ့က စတင်၍ မြန်မာနိုင်ငံမှ ဆိုင်ကယ်များအား တစ်စီးလျှင် ဘတ်(၅၀)နှုန်းဖြင့် လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။


ထိုင်းနိုင်ငံတွင်း ၀င်ခွင့် ကဒ်ပြားများအား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ အကောက်ခွန်ရုံးတွင် ပြုလုပ်ပေးခြင်းဖြစ်ရာ မြန်မာနိုင်ငံမှ သွားရောက် စာရင်းပေးသွင်းသူ များပြားလျှက်ရှိကြောင်း သိရသည်။

"မယ်ဆိုင်သွားမယ်ဆို သူတို့နိုင်ငံတွင်းဝင်ဖို့ ဆိုင်ကယ်မှာကပ်တဲ့ လေဆာပြားတွေ မပါရင် မရဘူး ဒီလေဆာပြားတွေကို Scan ဖတ်ပြီး ကွန်ပျူတာမှာ မှတ်တမ်းတင်တာ အ၀င်မှတ်တမ်းရှိတဲ့ ဆိုင်ကယ်မှ ပြန်ထွက်လို့ရတာ"ဟု ထိုင်းနိုင်ငံတွင်း ဆိုင်ကယ်ဖြင့် ၀င်ရောက်ခွင့် ကဒ်ပြားသွားရောက် ပြုလုပ်သူ ကိုသားကြီးမှပြောသည်။

ဝင်ရောက်ခွင့်ကဒ်ပြားများ ပြုလုပ်မည့်သူများမှာ ဆိုင်ကယ်လိုင်စင်ပါ အမည်မဟုတ်ပါက Owner Book ပါ သူထံမှ လွှဲပြောင်းပြီးကြောင်း ထောက်ခံစာ လိုအပ်ကြောင်းသိရပြီး ပြုလုပ်ပေးသည့်ရက်မှာ အကန့်အသတ် မရှိသေးကြောင်း သိရသည်။

ယခင်က ဆိုင်ကယ်တစ်စီးဘတ်(၃,၀၀၀)နှုန်း ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ပြီး လစဉ်ကြေး ဘတ်(၅၀)ကောက်ခံကြောင်း၊ သတ်မှတ်ထားသော ရက် ကျော်လွန်သွားပါက ဘတ်(၁,၀၀၀)ဒဏ်ငွေ ပေးဆောင်ရကြောင်းနှင့် ရှေ့ဆက်လက်၍လည်း သတ်မှတ်ရက် ကျော်လွန်ပါက တစ်ရက်လျှင် (၁,၀၀၀)ဘတ်အဖြစ် ဒဏ်ငွေကောက်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ။  ။ ဒက်ကြီး
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချက်ချင်းဆိုသလို သိသိသာသာ ဈေးရောင်းကောင်းစေသော ယတြာနည်း


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>