Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင်းဖြတ်မြို့နယ်တွင် ညပိုင်းမှ ရောက်ရှိလာသည့် ကြိုတင်မဲများအားလုံးမှာ ပြည်ခိုင်ဖြိုးမဲဖြစ်နေပြီး မဲစာရွက်များပေါ်တွင် သင်္ကေတများ ပါနေဟု သိရ

$
0
0
တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် မဲရုံပိတ်ပြီး ညပိုင်းတွင် အနိုင်ရထားသည့် NLD သည် သတ်မှတ်ချိန် ကျော်လွန်သွားမှ ရောက်ရှိလာသည့် ကြိုတင်မဲများကြောင့် နံနက်ပိုင်းတွင် ရှုံးသွားပြီး ပြည်ခိုင်ဖြိုးပါတီမှ ကြိုတင်မဲများဖြင့် မဲအများဆုံး ရရှိသွားကြောင်း မိုင်းဖြတ်မြို့နယ်အတွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ပြောသည်။


မိုင်းဖြတ်မြို့နယ်တွင် ရွေးကောက်ပွဲနေ့ ည(၉)နာရီအချိန် နောက်ပိုင်းက ရောက်ရှိလာသည့် ကြိုတင်မဲ လက်မှတ်များမှာ စုစုပေါင်း (၄၂၀၈)စောင်ရှိရာ အဆိုပါ ကြိုတင်မဲများအားလုံးမှာ ပြည်ခိုင်ဖြိုးပါတီကို မဲပေးထားသည့် မဲများဖြစ်နေကြောင်း၊ မဲစာရွက်များတွင် အမှန်ခြစ်ထားခြင်းမှာ တပုံစံတည်းဖြစ်နေသည့် အတွက် အချို့သော မဲစာရွက်များပေါ်တွင် မထင်မရှား သင်္ကေတများ သတ်မှတ်ထားတာကို တွေ့ရှိရကြောင်း လေ့လာစောင့်ကြည်သူများက ပြောပြသည်။

"စာရွက်တွေပေါ်မှာ မထင်မရှား သင်္ကေတတွေ ပါနေတယ်၊ အဲ့လိုတွေ ပါနေလို့ ကန့်ကွက်တော့ ပယ်မဲအဖြစ် (၁၀၄)မဲအဖြစ် သတ်မှတ်ပေးတယ်။  အဲ့လို ပယ်မဲတွေဖြစ်လာတော့ သူတို့ မဲရေနေတာကို ခဏနားထားလိုက်ပြီး အခန်းပိတ်ပြီး အစည်းအဝေးလုပ်ကြတယ်၊ အစည်းဝေးလည်းပြီးရော အဲ့လို ဖြစ်နေတဲ့ စာရွက်တွေကို နောက်ပိုင်းမှာ တွေ့ရှိရပေမဲ့လည်း ပယ်မဲအဖြစ် မသတ်မှတ်ပေးတော့ဘူး၊ ကြိုတင်မဲတွေ အားလုံးက ကြံ့ဖွံ့ကို ပေးထားတာဖြစ်နေတယ်၊ အမှတ်ခြစ်တဲ့ ပုံစံတွေလည်း တူနေတယ်.."ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ပြောပြသည်။

"မနေ့ညက အချိန်အထိ NLD ပါတီက သိသိသာသာ အားသာနေဆဲပဲ၊ မနက်(၄)နာရီလောက်မှာတော့ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရသွားတယ်၊ ကျွန်တော်တို့ ပါတီစုံနဲ့ ကော်မရှင် ဥက္ကဌ တွေ့ဆုံပြီး ကြိုတင်မဲတွေကို ပြန်စစ်ဖို့ ဆွေးနွေးဖို့ လုပ်သွားမယ်.."ဟု မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီမှ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောပြသည်။

"မိုင်းဖြတ်မှာ ညက အနိုင်ရထားတဲ့ ကျွန်တော်တို့ပါတီက မနက်လည်းရောက်ရော လွှတ်တော်သုံးနေရာလုံး ရှုံးသွားတယ်၊ အဓိက ကတော့ ကြိုတင်မဲတွေကြောင့်ပါပဲ.."ဟု NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းလုံစံခတ်က ပြောသည်။

"မိုင်းဖြတ်မှာတော့ ကြိုတင်မဲတွေကြောင့် ပြဿနာတွေ တက်နေတယ်လို့ ကြားတယ်၊ ကျွန်တော်လည်း ခုထိ ကော်မရှင်ရုံးကို မရောက်သေးဘူး၊ ကြိုတင်မဲတွေကတော့ တပ်ဘက်က ထည့်တာများတယ်လို့လည်း သိရတယ်.."ဟု မိုင်းဖြတ် ရပ်/ကျေး ကော်မရှင်ဝင်တစ်ဦးက ပြောပြသည်။

မိုင်းဖြတ်မြို့တွင် ပါတီစုံ နှင့် ကော်မရှင်များအကြား ကြိုတင်မဲ မသမာမှုများကြောင့် ပြဿနာများဖြစ်ပေါ်နေကြောင်းနှင့် စောင့်ကြည့်လေ့လာသူများ အနေဖြင့်လည်း အရေအတွက်များကို မသိရှိရကြောင်း သိရသည်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း