Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ပေါ်တွင် ၀န်ထမ်းများ ကြိုတင်ဆန္ဒမဲ ထည့်ရာ (၄)ရက်အတွင်း (၁၂၃)ဦးရှိလာ

$
0
0
နိုဝင်ဘာလ (၈)ရက်နေ့တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တာဝန်ထမ်းဆောင်ရမှာဖြစ်သည့် ၀န်ထမ်းများအနေဖြင့် ကြိုတင်ဆန္ဒမဲများကို စတင်၍ ထည့်နေကြသည်ဖြစ်ရာ ယနေ့ နိုဝင်ဘာလ(၂)ရက်နေ့တွင် တာချီလိတ်မြို့ရှိ ၀န်ထမ်း(၆၅)ဦးမှ ကြိုတင်ဆန္ဒမဲကို တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ မဲရုံ(၁)တွင် ထည့်ခဲ့ကြောင်း သိရသည်။



ထိုသို့ ကြိုတင်ဆန္ဒမဲများ ထည့်ရာတွင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်း (၁၀)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၅၀)ဦး၊ အထူးရဲ (၂)ဦး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ (၁)ဦး၊ ခရိုင် စာရင်းစစ်မှ (၁)ဦး နှင့် ခရိုင်ဥပဒေမှ (၁)ဦး စုစုပေါင်း (၆၅)ဦး ရှိကြောင်း သိရသည်။



တာချီလိတ်မြို့နယ်တွင် ကြိုတင်မဲထည့်ခြင်းကို အောက်တိုဘာလ (၂၉)ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ လ(၂၉)ရက်နေ့က (၁၀)ဦး နှင့် အောက်တိုဘာလ (၃၀)ရက်နေ့က (၁)ဦး စုစုပေါင်း (၁၁)ဦးရှိခဲ့ကြောင်း သိရသည်။



ဆက်လက်၍ နိုဝင်ဘာလအတွင်း၌ နိုဝင်ဘာလ(၁)ရက်နေ့က တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)ဖြစ်သည့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် ၀မ်ပုံရေကြောင်းတပ်ဖွဲ့မှ အရာရှိ (၁၀)ဦး၊ အခြားအဆင့် (၁၉)ဦး စုစုပေါင်း (၂၉)ဦး ရှိပြီး အထူးရဲ (၂)ဦး၊ ၀မ်ပုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် အရာရှိ (၂)ဦး၊ အခြားအဆင့် (၁၄)ဦး စုစုပေါင်း (၁၆)ဦးရှိရာ ၀မ်ပုံ၌ စုစုပေါင်း (၄၇)ဦးက ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်ဖြစ်ရာ အောက်တိုဘာလ(၂၉)ရက်နေ့မှ ယနေ့ နိုဝင်ဘာလ(၂)ရက်နေ့အထိ ဆန္ဒမဲပေးကြသူများမှာ စုစုပေါင်း (၁၂၃)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>