Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နိုဝင်ဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာမည့် အပြီးသတ် မဲဆန္ဒရှင် စာရင်းကို မဖြစ်မနေ သွားရောက်ကြည့်ရှုရန်လိုပြီး အမည်ပါက မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ယူရန် အထူးလိုအပ်

$
0
0
၂၀၁၅ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် အောက်တိုဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာမည့် အပြီးသတ် မဲဆန္ဒရှင် အမည်စာရင်းများ၌ မိမိတို့၏ အမည်ပါ မပါကို သွားရောက် ကြည့်ရှုစစ်ဆေးရန် လိုကြောင်းနှင့် အမည်ပါရှိ ပါက မဲဆန္ဒရှင် သက်သေခံလက်မှတ်ကိုလည်း တခါတည်း ထုတ်ယူသွားရန် လိုအပ်မှာဖြစ်ကြောင်း တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။


"ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲတွေကိုတော့ ထုတ်ပေးထားလိုက်ပါပြီ၊ အပြီးသတ် မဲဆန္ဒရှင် စာရင်းမှာ မိမိတို့ရဲ့ အမည်ပါမပါကို သွားကြည့်ဖို့လိုပါတယ်၊ ဒီစာရင်းမှာ အမည်မပါရင်တော့ မဲပေးလို့ မရပါဘူး၊ အမည်ပါတဲ့သူများ အနေနဲ့လည်း တုံကင်ပြားလို့ အများခေါ်တဲ့ မဲဆန္ဒရှင် သက်သေခံ လက်မှတ်များကို ထုတ်ယူသွားဖို့လိုပါတယ်..."ဟု တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထိန်မင်းမှ ရှင်းပြသည်။

"နက်ဖြန်မှာ အပြီးသတ်မဲဆန္ဒရှင် စာရင်း စကပ်ပြီဆိုတာနဲ့ ရပ်ကွက်ထဲမှာလည်း အသိပေးသွားပြီး သက်သေခံလက်မှတ်တွေကိုလည်း တခါတည်း ထုတ်ပေးသွားမှာဖြစ်ပါတယ်"ဟု ရပ်ကျေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များသည် တာချီလိတ်မြို့နယ်၏ အမှတ်(၁) မဲဆန္ဒနယ်ဖြစ်ပြီး မဲရုံပေါင်းမှာ မဲရုံ((၃၀)ရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများမှ (၈)ခုနှင့် တစ်သီးပုဂ္ဂလတို့ ပါဝင်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>