Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အသက္ (၁၀)ႏွစ္ေအာက္ မိန္းကေလးငယ္ (၂)ဦးအား အဓမၼျပဳက်င့္ရန္ ႀကံစည္မႈ တာခ်ီလိတ္၌ ျဖစ္ပြား

$
0
0
တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း၌ အသက္ (၁၀)ႏွစ္ေအာက္ မိန္းကေလးႏွစ္ဦးအား သားမယား ျပဳက်င့္ရန္ ႀကံစည္မႈျဖင့္ ယေန႔ ေအာက္တုိဘာလ (၃၁)ရက္ေန႔က အသက္(၅၃)ႏွစ္ရွိ အမ်ဳိးသား တစ္ဦးအား ဖမ္းဆီးထားရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။


ျဖစ္စဥ္မွာ တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္တြင္ ေနထိုင္သည့္ မိန္းကေလးႏွစ္ဦး၏ မိခင္ျဖစ္သူသည္ ၎ေနထိုင္ရာ အိမ္ခန္းငွားေအာက္ဘက္တြင္ ကေလးထိန္းသြားရာမွ ေနအိမ္လိုင္းခန္းသို႔ ျပန္လာစဥ္ သမီး(၂)ဦးျဖစ္သည့္ ပထမတန္းေက်ာင္းသူ အသက္(၈)ႏွစ္ရွိ မ...... ႏွင့္ သူငယ္တန္းေက်ာင္းသူ အသက္(၆)ႏွစ္ရွိ မ......တို႔သည္ ေနအိမ္တြင္ မေတြ႕ရွိရသျဖင့္ အနီးပတ္၀န္းက်င္သို႔ ေအာ္ေခၚၿပီး လိုက္လံရွာေဖြရာ ေနအိမ္၏ ေဘး(၁)ခန္းေက်ာ္ရွိ အိပ္ခန္းအတြင္းမွ အဆိုပါ သမီး(၂)ဦးသည္ ထြက္လာၿပီး အခန္းအတြင္းမွ အသက္(၅၃)ႏွစ္ရွိ သန္းထြန္းဦး၏ မ်က္ႏွာမွာလည္း ပ်က္ေနၿပီး သမီး(၂)ဦး၏ ေဘာင္းဘီမ်ားမွာလည္း အေနအထားပ်က္လ်က္ ပံုစံျဖင့္ မိခင္ျဖစ္သူမွ ေတြ႕ရွိရသည့္အတြက္ သမီးျဖစ္သူတို႔အား ေမးျမန္းရာမွ ျဖစ္စဥ္ကို သိရေၾကာင္း မိခင္ျဖစ္သူ၏ တိုင္တန္းခ်က္အရ သိရသည္။

သမီးျဖစ္သူ (၂)ဦးမွ မိခင္အား ျပန္လည္ ေျပာျပခ်က္မွာ သန္းထြန္းဦးသည္ ၎တို႔ (၂)ဦးအား အိပ္ခန္းအတြင္းသို႔ လက္ယပ္ေခၚကာ ၎၏ တန္ဆာျဖင့္ သမီးျဖစ္သူတို႔၏ မိန္းမကိုယ္မ်ားကို တို႔ျခင္းတို႔ ျပဳလုပ္ေၾကာင္းႏွင့္ ေအာက္တိုဘာလ (၃၀)ရက္ေန႔ကလည္း ထိုကဲ့သို႔ ျပဳလုပ္ေၾကာင္း၊ ယင္းကဲ့သို႔ ျပဳလုပ္ၿပီးေနာက္ တစ္ဦးလွ်င္ ထိုင္းဘတ္ေငြ (၅)ဘတ္စီေပးေၾကာင္း သိရသည့္အတြက္ မိခင္ျဖစ္သူမွ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ တိုင္တန္းရာမွ တရားခံဟု ယူဆရသူအား ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

"သမီးမိန္းကေလး ကေလးငယ္ေလးေတြရွိတဲ့ မိဘေတြအေနနဲ႔ စိတ္ကြယ္ရာမွာ ေဘးအိမ္က ဘယ္ေလာက္ပဲ ယံုၾကည္ရသူပဲ ျဖစ္ျဖစ္ အပ္ႏွံထားခဲ့တာေတြ၊ အိမ္မွာ ထားခဲ့တာေတြကို သိထားဖို႔လိုပါတယ္၊ ကေလးငယ္ေတြအတြက္ ဒီလိုျဖစ္သြားရင္ စိတ္ထိခိုက္ဒဏ္ရာ ရသြားေစပါတယ္၊ ဒါေၾကာင့္ မိဘတိုင္း သတိထားဖို႕လိုပါတယ္..."ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ေက်ာ္သန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အုပ္ထိန္းသူမိဘမ်ားမရွိခိုက္ အရြယ္မေရာက္ေသးသူ ကေလးငယ္(၂)ဦးအား သားမယားျပဳက်င့္ရန္ ႀကံစည္သူဟု တိုင္တန္းခံရသူအား ဖမ္းဆီးထားရွိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၄၃/၂၀၁၅၊ ျပစ္မႈပုဒ္မ ၃၇၆/၅၁၁ျဖင့္ အမႈဖြင့္ထားရွိၿပီး ဆက္လက္စစ္ေဆးေနလ်က္ရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ သိရသည္။
***********************************

( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ )

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း၌ အသက် (၁၀)နှစ်အောက် မိန်းကလေးနှစ်ဦးအား သားမယား ပြုကျင့်ရန် ကြံစည်မှုဖြင့် ယနေ့ အောက်တိုဘာလ (၃၁)ရက်နေ့က အသက်(၅၃)နှစ်ရှိ အမျိုးသား တစ်ဦးအား ဖမ်းဆီးထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။



ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် နေထိုင်သည့် မိန်းကလေးနှစ်ဦး၏ မိခင်ဖြစ်သူသည်၎င်းနေထိုင်ရာ အိမ်ခန်းငှါးအောက်ဘက်တွင် ကလေးထိန်းသွားရာမှ နေအိမ်လိုင်းခန်းသို့ ပြန်လာစဉ် သမီး(၂)ဦးဖြစ်သည့် ပထမတန်းကျောင်းသူ အသက်(၈)နှစ်ရှိ မ...... နှင့် သူငယ်တန်းကျောင်းသူ အသက်(၆)နှစ်ရှိ မ......တို့သည် နေအိမ်တွင် မတွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်သို့ အော်ခေါ်ပြီး လိုက်လံရှာဖွေရာ နေအိမ်၏ ဘေး(၁)ခန်းကျော်ရှိ အိပ်ခန်းအတွင်းမှ အဆိုပါ သမီး(၂)ဦးသည် ထွက်လာပြီး အခန်းအတွင်းမှ အသက်(၅၃)နှစ်ရှိ သန်းထွန်းဦး၏ မျက်နှာမှာလည်း ပျက်နပြေီး သမီး(၂)ဦး၏ ဘောင်းဘီများမှာလည်း အနေအထားပျက်လျက် ပုံစံဖြင့် မိခင်ဖြစ်သူမှ တွေ့ရှိရသည့်အတွက် သမီးဖြစ်သူတို့အား မေးမြန်းရာမှ ဖြစ်စဉ်ကို သိရကြောင်း မိခင်ဖြစ်သူ၏ တိုင်တန်းချက်အရ သိရသည်။

သမီးဖြစ်သူ (၂)ဦးမှ မိခင်အား ပြန်လည် ပြောပြချက်မှာ သန်းထွန်းဦးသည်၎င်းတို့ (၂)ဦးအား အိပ်ခန်းအတွင်းသို့ လက်ယပ်ခေါ်ကာ၎င်း၏ တန်ဆာဖြင့် သမီးဖြစ်သူတို့၏ မိန်းမကိုယ်များကို တို့ခြင်းတို့ ပြုလုပ်ကြောင်းနှင့် အောက်တိုဘာလ (၃၀)ရက်နေ့ကလည်း ထိုကဲ့သို့ ပြုလုပ်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ပြီးနောက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅)ဘတ်စီပေးကြောင်း သိရသည့်အတွက် မိခင်ဖြစ်သူမှ တာချီလိတ်မြို့မရဲစခန်းသို့ တိုင်တန်းရာမှ တရားခံဟု ယူဆရသူအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

"သမီးမိန်းကလေး ကလေးငယ်လေးတွေရှိတဲ့ မိဘတွေအနေနဲ့ စိတ်ကွယ်ရာမှာ ဘေးအိမ်က ဘယ်လောက်ပဲ ယုံကြည်ရသူပဲ ဖြစ်ဖြစ် အပ်နှံထားခဲ့တာတွေ၊ အိမ်မှာ ထားခဲ့တာတွေကို သိထားဖို့လိုပါတယ်၊ ကလေးငယ်တွေအတွက် ဒီလိုဖြစ်သွားရင် စိတ်ထိခိုက်ဒဏ်ရာ ရသွားစေပါတယ်၊ ဒါကြောင့် မိဘတိုင်း သတိထားဖို့လိုပါတယ်..."ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အုပ်ထိန်းသူမိဘများမရှိခိုက် အရွယ်မရောက်သေးသူ ကလေးငယ်(၂)ဦးအား သားမယားပြုကျင့်ရန် ကြံစည်သူဟု တိုင်တန်းခံရသူအား ဖမ်းဆီးထားရှိပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၄၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ဖြင့် အမှုဖွင့်ထားရှိပြီး ဆက်လက်စစ်ဆေးနေလျက်ရှိကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲ ေအာင္စာရင္းထုတ္ျပန္


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ေမာင္စြမ္းရည္ ● ဂ်ပန္စကားသင္ ေက်ာင္းသား ေမာင္ဘဂ်မ္း


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>