Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မော်တော်ယာဉ် ဥပဒေအသစ်အား အများပြည်သူသိစေရန် တာချီလိတ်၌ ပညာပေးဆောင်ရွက်

$
0
0
တာချီလိတ်ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၅၅)၏ မော်တော်ယာဉ်ဥပဒေအား အများပြည်သူများ သိရှိနိုင်ရေး အတွက် တာချီလိတ်မြို့ပေါ်၌ အောက်တိုဘာလ (၂)ရက် နံနက် (၉) နာရီက လက်ကမ်း စာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယင်းသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး၊ အမှတ်(၃)ယာဉ်ထိန်းတပ်ဖွဲ့မှူး ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒုတိယရဲမှူးကြီး လှမင်း၏ လမ်းညွှန်မှုဖြင့်
အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မြို့၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကိုကို ဦးစီးတပ်ဖွဲ့ဝင်များသည် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၅၅)၏ မော်တော်ယာဉ် ဥပဒေအား အများပြည်သူများ သိရှိနိုင်ရေးအတွက် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရှမ်းရိုးမကွင်း အနီးနှင့် ရန်အောင်မြေ(၃)ရပ်ကွက် မင်္ဂလာပါပန်းခြံရှေ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် အသိပညာပေးအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။


ထိုသို့ ဖြန့်ဝေရင်းဖြင့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်မောင်းနှင် သူများအား ယာဉ်မောင်းနှင်စဉ် ယာဉ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ ယာဉ်မောင်းလိုင်စင်များ တစ်ပါတည်း ယူဆောင်လာရန်၊ ယာဉ်မောင်းနှင်စဉ် ယာဉ်မောင်းနှင်သူနှင့် ယာဉ်ပေါ်ခရီးသည်များ ခါးပတ်ကြိုးတပ်ထားရန်၊ ယာဉ်မောင်းနေစဉ် ဖုန်းမပြောရန်၊ အရက်သေစာသောက်စား မူးယစ်လျှင် မမောင်းနှင်ရန်၊ ခရီးသည်တင်ယာဉ် နှင့် ကုန်တင်ယာဉ်များ အန္တရာယ်ဖြစ်စေနိုင်သည့် သတ်မှတ်ကုန် သတ်မှတ် အမြင့်ထက် ပိုမတင်ရန်၊ ဆိုင်ကယ်မောင်းနှင်သူများ ဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုး မြဲမြံစွာ တပ်ရန်၊ နှစ်ဦးထက်ပို မစီးရန်၊ ဖုန်းမပြောရန်၊ မီးနီဖြတ်မောင်းနှင်ခြင်း မပြုရန်၊ သတ်မှတ်ယာဉ်ကြောအတိုင်း စနစ်တကျမောင်းနှင်ရန်၊ အန္တရာယ်ဖြစ်စေ နိုင်သည့် အရှိန်ဖြင့် မမောင်းနှင်ကြရန်တို့အား အသိပညာပေးပြောကြားပြီး လက်ကမ်း စာစောင်များကို ဆက်လက် ဖြန့်ဝေပေးသည်။


တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ ထိုကဲ့သို့ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအပြင် တာချီလိတ်မြို့ပေါ် အများပြည်သူများ သွားလာတတ်သည့် ဈေးများ၊ ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် နေ့စဉ် နံနက် တစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ် လှည့်လည် ဟောပြော အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း။  ။ မြင့်မိုရ်(တာချီလိတ်)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>