Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာ အုပ်စု၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်

$
0
0
၂၀၁၃ခုနှစ် မိုးရာသီကာလအတွင်း တာချီလိတ်မြို့၌ မထင်မှတ်ထားသည့် နေရာ တော်တော်များများ၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး နှစ်စဉ် ဖြစ်လေ့ဖြစ်ထရှိသော မြန်မာ-ထိုင်း နယ်စပ်ချောင်းတစ်လျှောက်ရှိ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်တို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်မှုများနှင့် ကြုံတွေ့ခဲ့ကြရသည်။

{ မိခင်နှင့်ကလေးအား နေအိမ်မှ ဖေးမကူညီ }

သြဂုတ်လ ၈ ရက်နေ့က မိုးများရွာသွန်းမှုကြောင့် တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စုရှိ ပါဆတ်၊ စက်မှုဇုံ နှင့် လေယာဉ်ကွင်းလမ်းဘေးရှိ ရပ်ကွက်တွင် သြဂုတ်လ ၉ရက်နေ့ နံနက်က ရေများလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ရာ တာချီလိတ်မြို့ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ အပါအ၀င် ဟောင်လိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ကျေးရွာသူ ကျေးရွာသားများက ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေသည့် နေရာများသို့ သွားရောက်ပြီး ရေများ စတင် စီးဆင်းလာသည့် နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ
ရေလွှဲမြောင်းများ တူးဖော်နိုင်ရန်နှင့် လိုအပ်သည့် လုပ်ဆောင်ရန်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် မိုးရွာနေစဉ် နှင့် ရေများစီးဆင်းလာနေချိန်အတွင်း သွားရောက်လှည့်လည် စစ်ဆေးခဲ့ကြသည်။

စက်မှုဇုံ နှင့် လေယာဉ်ကွင်းသွားလမ်းဘေးရှိ ရပ်ကွက်တွင်လည်း ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေလျှက်ရှိရာ ရေလွှမ်းမိုးမှုခံရသော အချို့သောအိမ်များအား အဆိုပါအဖွဲ့မှ ကယ်ဆယ်မှုများနှင့် ကူညီဆောင်ရွက်မှုများပေးခဲ့ကြကြောင်း သိရသည်။


"ကျွန်မတို့က ဆန်သည်ဆိုတော့ အိမ်ထဲကို ရေတွေဝင်ရင် ဆန်တွေ အလကားဖြစ်တော့မှာ၊ မိုးရွာလို့ အနောက်ဘက် မြောင်းထဲက ရေတွေပြည့်လာပြီဆိုရင် အိမ်ထဲကို ရေ၀င်မှာကြောက်လို့ ညတောင် အိပ်မပျော်ဘူး.."ဟု ဟောင်လိတ်ကျေးရွာအုပ်စုအတွင်းရှိ ဆန်သည် အမျိုးသမီးတစ်ဦးမှ ပြောကြားလာသည်။

{ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါဆတ် }

"အရင်တုန်းက ရေတက်လာတယ်ဆိုလည်း နည်းနည်းပဲ တက်တယ်၊ အခုက ပေါင်လောက်တောင် တက်လာတော့ အိမ်ထဲကို ရေတွေအကုန်ဝင်တယ်၊ ဒါပေမဲ့ ရေဘယ်လောက် တက်လာတက်လာ မိုးဆက်မရွာတော့ဘူးဆိုရင် ခဏလေးနဲ့ ကျလွယ်တယ်"ဟု ဟောင်လိတ်ကျေးရွာအုပ်စုအတွင်းရှိ ရှမ်းတိုင်းရင်းသူ အမျိုးသမီးတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

တာချီလိတ်မြို့တွင် လွန်ခဲ့သော ၂၀၀၆ခုနှစ် စက်တင်ဘာလ ၂၀ ရက်တုန်းက ဖြစ်ပွားခဲ့သော
 ရေလွှမ်းမိုးမှုသည် တာချီလိတ်မြို့အနေဖြင့် အကြီးမားဆုံး ရေလွှမ်းမိုးမှုဖြစ်စေခဲ့ပြီး ယခု ၂၀၁၃ခုနှစ်တွင် တာချီလိတ်မြို့နယ်၌ မထင်မှတ်ထားသည့် မဖြစ်ပေါ်ဖူးသည့် နေရာ အများအပြားတွင် ရေလွှမ်းမိုးမှုများနှင့် ကြုံခဲ့ရသည်ကို သိရှိရသည်။

ပုံများကိုကြည့်ရန်
ဟောင်လိတ်ကျေးရွာအုပ်စုအတွင်း ရေလွှမ်းမိုးမှုဖြစ်ပေါ်
85 photos


Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>