Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အရပ်ကူ၍ လူဝိုင်းပါ၊ ထင်သာ မြင်သာ လမ်းပြင်စရာ

$
0
0
ယခုနှစ် မိုးတွင်းကာလများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေနှုတ်မြောင်းများမရှိခြင်း တို့ကြောင့် တာချီလိတ်မြို့တွင်းရှိ လမ်းအတော်များများသည် ဆိုးရွားစွာ ပျက်စီးလျှက်ရှိနေသည်ကို တွေ့ရှိရပါသည်။

"ကျွန်တော်တို့ ပါလျှံရပ်ကွက်၊ ရန်အောင်မြေ အ.မ.က ရှေ့လမ်းမကြီးဆိုရင် ဆိုးဆိုးရွားရွား ပျက်စီးနေတာကြာပါပြီ၊ သက်ဆိုင်ရာကို အကြောင်းကြားပေမယ့်လည်း လာရောက်ပြင်ဆင်ပေးခြင်း မရှိသေးပါဘူး၊ ဒီလမ်းဟာ ကျောင်းရှေ့လမ်းဖြစ်သလို ကျွန်တော်တို့ ရပ်ကွက်နဲ့ တာချီလိတ်မြို့ရဲ့ မိန်းလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းလဲဖြစ်ပါတယ်။ မိုးရွာသွန်းပြီဆိုတာနဲ့ ချိုင့်တွေ ကျင်းတွေကို ကားဆိုင်ကယ်တွေ လူတွေက ကွေ့ရှောင်သွားကြရတဲ့အခါ လူကြီးတွေအတွက် သိပ်ပြဿနာမရှိပေမယ့် ကျောင်းသား၊ကျောင်းသူတွေအတွက် အခက်အခဲဖြစ်စေပါတယ်၊ ဒါ့ကြောင့် အခုလို နေပွင့်တုန်းလေးမှာ နိုင်ငံရေးပါတီတစ်ခုက ၆စီး၊ ရပ်ကွက်က စုပေါင်း ထည့်ဝင်ငွေနဲ့ ၄စီး၊ စုစုပေါင်း ကျောက်မြေ ၁၀စီးကို ၀ယ်ယူပြီး ယာယီအားဖြင့် ကျင်းတွေ ချိုင့်တွေကို ဖို့ထားရပါတယ်"ဟု ကျောင်းသားမိဘတစ်ဦးမှ ပြောပြပါသည်။

{ ရွှေမြေသာယာဈေးသို့ အသွားလမ်း၊ တော်ကော့[အတွင်း]}

 { တော်ကော့[အတွင်း]လမ်း အ၀င် }

အလားတူပင် တော်ကော့(အတွင်း)ကျေးရွာနေ ပြည်သူတစ်ဦးကလည်း "ဒီလမ်းက ဗိုလ်ချုပ်လမ်းနဲ့ ရွှေမြေသာယာဈေးကို ဆက်သွယ်ထားတဲ့လမ်းပါ၊ မိုးရွာတဲ့အခါ ဗွက်တွေက ၉လက်မ ၁၀လက်မလောက်အထိ ရှိတယ်၊ ကားတွေဆို မောင်းရင်းနဲ့လည်ထွက်မသွားအောင် အတော်သတိထားရတယ်၊ ဆိုင်ကယ်တွေ လမ်းလျှောက်တဲ့ လူတွေဆို ပိုဆိုးတာပေါ့၊ ဒါ့ကြောင့် အခု ကျောက်မြေ တစ်စီးကို ၁၀ဘီးကားနဲ့ဆို ဘတ်၈၀၀၊ ဒိုင်နာနဲ့ဆိုရင် ဘတ် ၅၀၀ ပေးဝယ်ပြီး ကိုယ့်အိမ်ရှေ့လေးကို တတ်နိုင်သလောက်လေး ခင်းကျင်းနေတာပါ၊ ငွေပေါလို့တော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့်လည်း ကိုယ့်အိမ်ရှေ့လေးလဲ လမ်းသာအောင် သွားတဲ့လာတဲ့ သူတွေလဲ အဆင်ပြေရအောင် တတ်နိုင်သလောက်လေး လုပ်ပေးနေရတာပေါ့၊ သက်ဆိုင်ရာက လာလုပ်ပေးရင်တော့ ၀မ်းသာရမှာပေါ့"ဟု နေပူကျဲကျဲထဲတွင် မြေဖို့ရင်း ရင်ဖွင့်သွားရှာပါသည်။

{ ရန်အောင်မြေ အ.မ.က ကျောင်းရှေ့တွင် ပါတီနှင့်ရပ်ကွက်မှ စုပေါင်းကာ ပြုလုပ်ထားပုံ}

{ ရန်အောင်မြေ ဘုရားကြီးကျောင်းရှေ့}

သို့ဖြစ်ပါသောကြောင့် ဆိုးရွားစွာ ပျက်စီးနေသော တာချီလိတ်မြို့တွင်း လမ်းများအား တတ်နိုင်သရွေ့ အမြန်ဆုံးပြုပြင်ပေးနိုင်ပါရန် တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။
သတင်းပေးပို့သူ။           ။ မောင်ယဉ်ကျေး

မှတ်ချက်။             ။တာချီလိတ်အွန်လိုင်းသတင်းဌာနမှ ရပ်ကွက်သား/သူများ၏ သတင်းပေးမှုကြောင့် သွားရောက်၍ ပျက်စီးနေသော လမ်းများအား မှတ်တမ်းတင်ခဲ့ရာ ပျက်စီးယိုယွင်းနေလျှက်ရှိသည့် လမ်းများမှာ ပါလျှံ၊ တရုတ်ဘုံကျောင်းကြီး လမ်းတစ်လျှောက်၊ ရန်အောင်မြေ အ.မ.ကကျောင်းရှေ့၊ ရွှေမြေသာယာဈေးအသွား၊ တော်ကော့(အတွင်း) နှင့် အ၀င် လမ်း၊ တို့ကို တွေ့ရှိခဲ့ရပြီး အာခါဈေးလမ်းအတွင်းမှာ ပျက်စီးယိုယွင်းနေမှုများရှိနေကြောင်းသိရသော်လည်း အဆိုပါနေရာသို့ သွားရောက်၍ မှတ်တမ်းမတင်မိခဲ့ပါ။

မှတ်တမ်း ဓါတ်ပုံများကိုကြည့်ရန်
အရပ်ကူ၍ လူဝိုင်းပါ၊ ထင်သာ မြင်သာ လမ်းပြင်စရာ
26 photos

Viewing all articles
Browse latest Browse all 18345

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ပေါင်မှာ တက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်​ဇာဝင့်ကျော်


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>