Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်ခရိုင် ကျိုင်းလပ်၌ ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ(၆၀)ခန့် ရေနစ်မြုပ်၊ (၃)အိမ်ရေထဲ မျောပါ၊ တံတား(၁) စင်းကျိုးသွား

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာတွင် ယနေ့ သြဂုတ်လ(၄)ရက် နံနက်(၁)နာရီ အချိန်ခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နမ့်ကိုင်းချောင်း ရေလျှံမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ(၆၀)ခန့် ရေနစ်မြုပ်ခဲ့သည့်အပြင် နေအိမ်(၃)လုံး ရေစီးတွင် မျောပါသွားကြောင်း နှင့် လူဦးရေ (၁၀၀)ကျော်အား ကယ်ဆယ်ရေးစခန်း ယာယီဖွင့်ထားပေးရကြောင်း သတင်းရရှိသည်။


ရေကြီးရေလျှံမှုကြောင့် ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ၀မ်မီးမိုင်ကျေးရွာ၊ တာချီလိတ် ကျိုင်းလပ်သွားလမ်း၊ မိုင်တိုင်အမှတ် (၁၇)မိုင် (၁)ဖာလုံရှိ ပေ(၈၀)ရှည်လျားသော သံဘောင်ပျဉ်ခင်း ဘေလီတံတားမှာ ၀မ်မီးမိုင်ချောင်းရေကြီးမှုကြောင့် သြဂုတ်လ(၄)ရက်နေ့ နံနက်(၂)နာရီဝန်းကျင်တွင် တံတားကျိုးသွားကြောင်း သိရသည်။

နမ့်ကိုင်းကျေးရွာ အနိမ့်ပိုင်းတွင် အိမ်ခြေ(၆၀)ခန့် ရေနစ်မြုပ်ခဲ့ပြီး နေအိမ်(၃)လုံးရေစီးတွင် မျောပါသွားသည့် အတွက် အဆိုပါကျေးရွာ အနိမ့်ပိုင်းမှ ရေဘေးသင့် ပြည်သူ (၁၀၀)ကျော်ခန့်ကို နမ့်ကိုင်းဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်း ယာယီ ဖွင့်လှစ်ပေးထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာအဖွဲ့မှ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles