Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မယ်ဆိုင် နှင့် တာချီလိတ်မြို့တွင်းမှ ရေဘေးသင့် ထောက်ပံ့ပစ္စည်းများကို သုံးဘီးဆိုင်ကယ်ဖြင့် အခမဲ့ သယ်ယူပို့ဆောင်ပေးနေ

$
0
0
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နှင့် တာချီလိတ်မြို့တို့မှ စေတနာရှင်များ အနေဖြင့် ရေဘေးသင့် ပြည်သူများ အတွက် အ၀တ်အထည်များ နှင့် ထောက်ပံ့ပစ္စည်းများကို လှူဒါန်းရာတွင် နေအိမ်မှ တာချီလိတ်မြို့တွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူခံဌာနသို့ သယ်ဆောင်ရာ၌ အခက်အခဲရှိပါက မော်တော်ယာဉ်များဖြင့် အခမဲ့ သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။



ထိုသို့ သယ်ဆောင်ပေးရာတွင် မော်တော်ကားတစ်စီး နှင့် သုံးဘီးဆိုင်ကယ်(၄)စီးဖြင့် တစ်ဖက်တစ်လမ်းမှ ရေဘေးသင့်ပြည်သူများအား ကူညီသည့်အနေဖြင့် အခမဲ့ သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။


"တာချီလိတ်​က ရေဘေးသင့် ပြည်သူများအတွက် ပစ္စည်းများလို့ မသယ်​နိုင်​တဲ့ သူတိုင်းကို အိမ်​အရောက်​လာယူ​ပေးတယ်​၊ မယ်ဆိုင်ဘက်မှာ ဆိုရင်လည်း မယ်ဆိုင်က ကားကြီးကွင်းထိ သွားသယ်ပေးတယ်၊ ရေဘေးသင့်ပြည်သူများအတွက် ကူညီတဲ့ အနေနဲ့ အခမဲ့ ဆောင်ရွက်ပေးတာပါ.."တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ရှမ်းအိုးစည် သုံးဘီးဆိုင်ကယ်ဂိတ်မှ ကိုဇော်လင်းက ပြောပြသည်။



ရေဘေးသင့်ပြည်သူများအတွက် အ၀တ်အထည်အထုပ်များ၊ ထောက်ပံ့ပစ္စည်းများကို သယ်ယူရေးအတွက် ယာဉ်အခက်အခဲဖြစ်ပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်အကူအညီ တောင်းခံနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ကိုဇော်လင်း
မြန်မာဖုန်း။ ။ 09260479800
ထိုင်းဖုန်း။ ။ 0846082298
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>