Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာနိုင်ငံသား(၁၀)ဦးအား ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံးလာသူကို လူကုန်တားမှ ဖမ်းဆီးရမိ

$
0
0
မြန်မာနိုင်ငံသား(၁၀)ဦးအား ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံးလာသူကို ဇူလိုင်လ(၂၈)ရက်နေ့ ညနေ(၅း၃၀)နာရီအချိန် ၀န်းကျင်က တာချီလိတ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


( စည်းရုံးခေါ်ဆောင်လာသူ အပါအ၀င် (၁၁)ဦး )

"အလုပ်အကိုင်ရှာဖွေခွင့် အကျိုးဆောင် လိုင်စင်မရှိဘဲ ကယားပြည်နယ်က လူ(၁၀)ဦးကို ခေါ်ဆောင်လာတဲ့ သူကို မယ်ယန်းပူးပေါင်း စစ်ဆေးရေး ဂိတ်မှာ စစ်ဆေးတွေ့ရှိရလို့  ဖမ်းဆီးပြီး အရေးယူထားပါတယ်"ဟု တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ကယားပြည်နယ်၊  ဒီးမော့ဆိုမြို့နယ်၊ နမ့်မယ်ခုန်ရွာနေ စိုင်းကျော်သိန်းဆိုသူမှ ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေပေးမည်ဟု ပြောဆိုကာ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျား(၉)ဦး၊ မ(၁)ဦးအား တစ်ဦးလျှင် ကျပ်(၄)သိန်းစီဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆို စည်းရုံးလာသူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၅၅/၂၀၁၅ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ(၂၆)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>