Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တရားမ၀င်မြန်မာ အလုပ်သမားများအား တာချီလိတ်သို့ လွှဲပြောင်း

$
0
0
ထိုင်းနိုင်ငံအတွင်း တရားမ၀င် နေထိုင်မှုဖြင့် ဖမ်းဆီးခံရသော တရားမ၀င်အလုပ်သမား မြန်မာနိုင်ငံသား (၁၃)ဦးအား မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားမှ တာချီလိတ်သို့ ယနေ့ ဇူလိုင်(၂၉)ရက် နံနက်(၁၀း၄၅)က လွှဲပြောင်းလာရာ တာချီလိတ်မှ တာဝန်ရှိသူများက လွှဲပြောင်းမှုကို လက်ခံရယူခဲ့ကြောင်း သိရသည်။


ဖမ်းဆီးခံရသူများတွင် ကျား(၁၂)ဦး နှင့် မ(၁)ဦး ပါဝင်ပြီး အများစုမှာ ကရင်ပြည်နယ်မှ ဘန်ကောက်မြို့သို့ သွားရောက် အလုပ် လုပ်ကိုင်သူများဖြစ်ကြောင်း သိရပြီး ကျန်သူများမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ပအိုဝ့်၊ ရှမ်းလူမျိုးများနှင့် ပြည်တွင်းမှ အလုပ်သွားရောက် လုပ်ကိုင်သော မြန်မာများဖြစ်ကြောင်း သိရသည်။

"ဘန်ကောက်သွားတဲ့ လမ်းမှာ အဖမ်းခံရတာ အချုပ်ထဲမှာနဲ့ ထောင်ထဲမှာဆိုရင် (၁)လကျော်ကြာတယ်"ဟု ရှမ်းပြည်တောင်ပိုင်းနေထိုင်သူ ကိုခွန်စိုးဇော်မှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးခံရသူများတွင် ယခင်အချိန်က ဦးခေါင်းဆံပင် ရိတ်သိမ်းခြင်း မပြုသော်လည်း ယခုအခါတွင် ဦးခေါင်းများ ကတုံးတုံးခံထားရကြောင်းလည်းတွေ့ရပြီး ၎င်းမှာ ထိုင်းနိုင်ငံ အကျဉ်းထောင်အတွင်း ကတုံး တုံးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသော မြန်မာများအား ထိုင်းရဲတပ်ဖွဲ့မှ ဘတ်(၄၀၀၀)တောင်းခံကြောင်း သိရပြီး မပေးနိုင်ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခံရသူများဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>