Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ အကြီးဆုံးဖြစ်သည့် ပြည်သူ့နတ်နန်း(ပင်မ) ဗိမာန်တော်ကြီးအား ဇူလိုင်လ(၂၆)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရန် စီစဉ်ထားရှိ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အနော်ရထာလမ်း၊ အဆွေတော်(၂၄)နာရီ အထူးကုဆေးခန်းအနီးတွင် မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကတဇ ဘဒ္ဒန္တပညာသာမိအား အမှူးထား၍ မကြာမီကာလအတွင်းက အသစ်ပြန်လည် တည်ဆောက်ပြီးစီးခဲ့သော ပြည်သူ့နတ်နန်း(ပင်မ) ဗိမာန်တော်ကြီးကို နန်းအပ် - နန်းဆက်ပွဲတော် နှင့် ဖွင့်ပွဲအဖြစ် ၂၀၁၅ခုနှစ် ဇူလိုင်လ(၂၆)ရက် တနင်္ဂနွေနေ့ နံနက်(၉)နာရီတိတိအချိန်တွင် မြို့လုံးကျွတ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို လာရောက် ဆက်ကပ်နိုင်မှာဖြစ်ကြောင်း ပြည်သူ့နတ်နန်း(ပင်မ) ဗိမာန်တော်ကြီး ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။





ယင်းပွဲတော်တွင် မိတ္ထီလာမြို့မှ ဦးစံလှိုင်ထွန်း (ရွှေသိုက်စာရင်းဝင်၊ မကြာနု နတ်နန်းပိုင် - နန်းထိန်း) နှင့် အောင်ဇော်ဗိုလ် ဆိုင်းအဖွဲ့(စန်းလှိုင်မ)တို့မှ မင်္ဂလာအခါတော် နတ်သီချင်းများဖြင့် သီဆို၊ တီးမှုတ်၊ ကခုန်ဖျော်ဖြေမှုများကို (၂၆.၇.၂၀၁၅)ရက်မှ (၂၈.၇.၂၀၁၅)ရက်နေ့အထိ (၃)ရက်တိတိ ဆက်ကပ်ဖျော်ဖြေသွားရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။





ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီး ဖြစ်မြောက်ရေးကော်မတီမှ အဆိုပါ ပွဲတော်နေ့တွင် "အောင်ကန်တော့ပွဲ"အဖြစ် တစ်ပွဲလျှင် စတီးစလုံ အပါအ၀င် (၁၀၀၀)ဘတ်နှုန်းဖြင့် စုစုပေါင်း ပွဲ(၉၀) တိတိကို စီစဉ်ထားရှိရာ လတ်တလောတွင် စာရင်းပေးထားမှုမှာ ပွဲ(၂၀)ကျော်ရှိပြီဖြစ်ပြီး ထိုသို့ ဆက်ကပ်ရန်အတွက် မည်သူမဆို ကြိုတင်စာရင်းပေးသွင်းကာ ဆက်ကပ်နိုင်မှာဖြစ်ကြောင်း နှင့်  ပြည်သူ့နတ်နန်း(ပင်မ) ဗိမာန်တော်ကြီးသို့ လာရောက်ကာ ယနေ့မှစတင်၍ ပွဲတော် မကျင်းပမီနေ့ရက်အထိ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။





ယင်း  ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီးတွင်  မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကတဇ ဘဒ္ဒန္တပညာသာမိအား အမှူးထား၍ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နှစ်ပေါင်း သက်တမ်း (၇၀)ကျော်ခန့် ရှိပြီဖြစ်သည့် နန်းပြဿဒ်ကြီး (၂)ဆောင်အား ဇာခန်းစည်းလိုက်ကာ ဖွင့်လှစ်ပေးခြင်း၊ အောင်ပွဲများကို ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်ခြင်း၊ ပန်းဒါယကာကြီးဖြစ်သည့် ရှမ်းနတ်ဆရာကြီးမှ ရှမ်းဘာသာဖြင့် အဘကိုးမြို့ရှင်သမိုင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း နှင့် ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီး အသစ်တည်ဆောက်ရာတွင် အဖက်ဖက်မှ ပါဝင်လှူဒါန်းကြသော အလှူရှင်များအား တစ်ဦးချင်းစီအလိုက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ နတ်သဘင် အခင်းအကျင်းများဖြင့် သီဆို၊ တီးမှုတ်၊ ကခုန် ဆက်ကပ်ပွဲကို စီစဉ်ထားရှိကြောင်းအပြင် ယင်းနေ့တွင် လာရောက်သူများကို နေ့လည်စာများဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ကြောင်း  ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီး ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>