Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် Mobile Team အဖွဲ့မှ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိပြီး ကျပ်သိန်း(၁၀၀)ဖိုးရှိ အသားလုံး(အတု)များကို မီးရှို့မြေမြှုပ်ဖျက်ဆီး

$
0
0
တာချီလိတ်မြို့ရှိ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ ( Mobile Team ) မှ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိပြီး အကောက်ခွန်မဲ့ စားသုံးကုန်ဖြစ်သည့် အသားလုံး(အတု)များကို ဇူလိုင်လ(၂၀)ရက်နေ့က မီးရှို့မြေမြှုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။


နယ်စပ်ကုန်သွယ်ရေးစခန်း(တာချီလိတ်) Mobile Team မှ ဦးစီးမှူး ဦးကြည်လင် နှင့် ဒုဦးစီးမှူး ဦးအောင်မျိုးနိုင် ဦးစီးသော Mobile Team အဖွဲ့ဝင်များသည် ဇူလိုင်လ(၁၉)ရက်နေ့က ရှောင်ကွင်းလမ်းများ အတွင်းမှ တရားမ၀င် သယ်ဆောင်လာသော အသားလုံး(အတု)မျိုးစုံတို့ကို ရှာဖွေတွေ့ရှိ၍ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။


ဆက်လက်၍ အဆိုပါ ပစ္စည်းများကို တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးတွင် အကောက်ခွန် အမှုတွဲဖွင့်လှစ်ပြီးနောက် ဇူလိုင်လ(၂၀)ရက်နေ့ နံနက်ပိုင်းက Mobile Team နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် မီးရှို့မြေမြှုပ်ကာ ဖျက်ဆီးခဲ့ကြသည်။


သိမ်းဆည်းရမိသော ပစ္စည်းများတွင် အသားလုံး(အတု) စုစုပေါင်း ကီလို(၄၀၀၀)ရှိရာ ခန့်မှန်းတန်ဖိုးမှာ ကျပ်ငွေသိန်းတစ်ရာခန့်ရှိကြောင်း သိရသည်။

ယခုလိုပင် ပြီးခဲ့သည့် ဇူလိုင်လ (၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့နယ် အကောက်ခွန်ရုံး၌ ခန့်မှန်းတန်ဖိုးငွေ စုစုပေါင်း ကျပ်(၁၁.၉၈၃)သန်းရှိသည့် ကုန်ပစ္စည်းများကိုလည်း ယင်းအဖွဲ့မှ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ ကိုလှမြင့် (မြ၀တီ)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>