Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကွတ်ခိုင်၌ ဘိန်းမဲများ ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့တွင် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူနှင့် အတူ ယနေ့ ဇူလိုင်လ(၂၁)ရက် နံနက်(၁၁း၃၀)နာရီ အချိန်က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့သည် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရွှေလီစစ်ဆင်ရေး(၂) စီမံချက်အရ မူးယစ်တပ်ဖွဲ့စု(၁၀၂) နေပြည်တော် နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင် - တာမိုးညဲ သွားကားလမ်း ကွတ်ခိုင်မြို့အထွက် ဆီဆိုင် အနီး လမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ စစ်ဆေးမှုများ ပြုလုပ်နေစဉ် တာမိုးညဲဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မင်းဇော် တစ်ဦးတည်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ ဘိန်းမဲများကို ဖမ်းဆီးရရှိတာ ဖြစ်ကြောင်း ကွတ်ခိုင်လှုပ်ရှား မူးယစ်အဖွဲ့မှ သိရသည်။

ထိုသို့ ရှာဖွေရရှိရာတွင် စုစုပေါင်း အလေးချိန်(၃)ကီလိုရှိပြီး ကာလတန်ဖိုးငွေ ကျပ်သိန်း(၃၀)ခန့် တန်ဖိုးရှိသည့် ဘိန်းမဲများကို တွေ့ရှိရသည့်အတွက် သယ်ဆောင်လာသူ မင်းဇော်အား ကွတ်ခိုင်မြို့မ ရဲစခန်းမှ မယ(ပ)၅၆/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>