Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံမြို့ နောင်တုံကန်အတွင်းရှိ ငါးများ အစုလိုက် အပြုံလိုက်သေဆုံး

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ နောင်တုံကန်တွင် ယနေ့ ဇူလိုင်လ(၂၁)ရက် နံနက်ပိုင်းတွင် ငါးများ အစုလိုက် အပြုံလိုက် သေဆုံးနေလျက်ရှိပြီး ဘေးပတ်ဝန်းကျင် တစ်ခုလုံးတွင် ငါးသေအနံ့များဖြင့် နံစော်နေကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။


"မနေ့က ဒီငါးတွေ မသေသေးဘူး၊ အသက်ရှုကြပ်လို့ ရေပေါ်မှာ တက်လာပြီး အသက်လုရှုနေကြတာ၊ အဲ့ဒါကို သက်ဆိုင်ရာတွေ အနေနဲ့ ငါးတွေကို တခြားကန်တွေ၊ ချောင်းတွေမှာ ရွှေ့ပြောင်းပေးထားရင် အခုလို သေမှာ မဟုတ်ဘူး၊ အခုတော့ နောင်တုံကန်ထဲမှာ ငါးအသေတွေနဲ့ ပြည့်နေတယ်.."ဟု နောင်တုံကန်အနီးနေ ဦးစိုင်းခမ်းရှဲန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောလာသည်။


"ကြုံဖူးတာကတော့ အခုလို ဖြစ်ရင် တစ်တောင်ကျော် ငါးကြီးတွေလည်း သေကြတယ်၊ နေပြင်းတော့ ငါးတွေ အသက်ရှုဖို့ ပိုထွက်လာကြတယ်၊ ငါးကန်ဖမ်းခွင့် လိုင်စင်ရသူတွေ ဘာမှ လုပ်ရှားဆောင်ရွက်တာ မတွေ့ဘူး၊ ဒီအချိန်မှာ လုပ်သင့်တာက တစ်ခုခု လုပ်ရမဲ့ အချိန်လေ၊ ယခင်အစိုးရ စတက်ကတည်းက ကမ်းနားမှာ နေသူတစ်ဦးကို ငါးဖမ်းလိုင်စင် ချပေးခဲ့တာ အရင်နှစ်ထိပဲ၊ အခုနှစ်ကစပြီးတော့ (၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လိုင်စင်ချပေးထားတယ်လို့ သတင်းကြားတယ်၊ ငါးမွေးမြူရေးဌာနက ကန်ပြောင်းမွေးမြူပေးရင် ငါးတွေ အသက်ရှင်ခွင့် ရမယ်လို့ တချို့ကပြောတယ်"ဟု ကျိုင်းတုံလူမှုရေးအသင်း ဥက္ကဌ ဦးစိုင်းဇော်မင်း၏ Facebook စာမျက်နှာတွင် ယခုလို ရေးသားကာ ပုံနှင့် တကွဖော်ပြထားသည်။

နောင်တုံကန်အတွင်း ငါးများအစုလိုက် အပြုံလိုက် သေဆုံးမှုသည် ယခုနှစ်ကဲ့သို့ပင် ပြီးခဲ့သည့် ၂၀၁၃ခုနှစ် မတ်လ(၂၈)ရက်နေ့ကလည်း ဖြစ်ပွားခဲ့ပြီး ကန်အပြည့်နီးပါး ငါးသေများ ပြည့်နှက်နေခဲ့သည့်အတွက် နောင်တုံကန်အနီးပတ်ဝန်းကျင်များတွင် အနံ့အသက်များ ဖုံးလွှမ်းစေခဲ့ဖူးကြောင်း သိရသည်။


"ဒီနေ့ ဇူလိုင်(၂၁)မှာတော့ သက်ဆိုင်ရာက သေနေပြီဖြစ်တဲ့ ငါးတွေကို လာဆယ်နေကြပါပြီ"ဟု ကျိုင်းတုံလူမှုရေးအသင်း ဥက္ကဌ ဦးစိုင်းဇော်မင်း မှ ပြောသည်။



"နောင်တုံကန်ဆိုတာ ကျိုင်းတုံမြို့ရဲ့ ပုံရိပ်ဖြစ်တဲ့ ကန်ပါ ဒီကန်မှာ ဒီလို ငါးတွေသေတယ်ဆိုတာ ဒေသခံဖြစ်တဲ့သူတွေ အမှိုက်ကို စည်းကမ်းမဲ့စွန့်ပစ်လို့ ရေထုညစ်နွမ်းပြီးဖြစ်ရတာပါ၊ ဒေသခံတွေအနေနဲ့ ကိုယ့်မြို့ရဲ့ ပုံရိပ်ကို ဖျက်စီးတဲ့ အပြုအမူမျိုး မလုပ်စေချင်ဘူး၊ ဒါကို သက်ဆိုင်ရာနဲ့ လူမှုအသင်းအဖွဲ့တွေ ပညာပေးလုပ်ငန်းတွေ လုပ်စေချင်တယ်၊ အမှိုက်ပစ်တာရော၊ ရေကန်ထိန်းသိမ်းတာရောပေါ့.."ဒေသခံဖြစ်သူ ဦးစောလှမင်းမှ သုံးသပ်ပြောဆိုသည်။


နောင်တုံကန်အတွင်းမှ ငါးသေများအား ကျိုင်းတုံမြို့ မီးသတ်တပ်ဖွဲ့နှင့် နှလုံးလှ လူမှုကူညီရေးအသင်းမှ လာရောက်ဆယ်ယူမှုများပြုလုပ်သွားကြောင်းနှင့် နောင်တုံကန် ငါးဖမ်းဆီးခွင့်လိုင်စင်အား ဇူလိုင်(၂၅)ရက်နေ့တွင် အသစ်ပြန်လည်လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။

ယခုလို ငါးများ အစုလိုက် အပြုံလိုက် သေဆုံးရခြင်းသည်  ရေအောက်၌ အောက်ဆီဂျင် ဓာတ်နည်းပါးခြင်းနှင့် ရေထု ညစ်ညမ်းခြင်း များကြောင့် သေဆုံးသွားတာဖြစ်နိုင်ကြောင်း ဒေသခံများမှ သုံးသပ်ကြသည်။

ဓါတ်ပုံ။  ။ ကျိုင်းတုံလူမှုရေးအသင်း ဥက္ကဌ ဦးစိုင်းဇော်မင်း
သတင်း။  ။ ကိုဇောင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>