Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပြည်ပပို့ကုန် လုပ်ငန်း ကိစ္စများ ဆောင်ရွက်ရာတွင် ဒေသတွင်း၌သာ ဆောင်ရွက်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်အား ကုန်သည်များ ကိုယ်စား တင်ပြ

$
0
0
ဒေသတွင်း ပို့ကုန် ပိုမိုတိုးတက်မြင့်မား လာရန်အတွက် အခွန်ဆောင်ခြင်းနှင့် လိုအပ်သော စာရွက်စာတမ်း အချက်အလက်များ တင်ပြရန် နယ်စပ်ဒေသတွင်းရှိ ကုန်သွယ်ရေးဦးစီးဌာနတွင် လုပ်ပိုင်ခွင့် ပိုမိုချထားပေး ရန်လိုအပ်ကြောင်း တာချီလိတ် မြို့နယ်အထောက်အကူပြုကော်မတီမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့အား တင်ပြထားကြောင်း သိရသည်။


“မြန်မာကျပ်ငွေ ဈေးနှုန်းကျဆင်းခြင်းကြောင့် ထိုင်းနိုင်ငံကို ပို့ကုန်တွေ ကျဆင်းလာပြီး သွင်းကုန်မြင့်လာ ပါတယ်၊ အရင်က ကျပ်(၁၀၀၀)ကို ထိုင်းဘတ်ငွေ (၃၄)ဘတ်ကနေ အခု (၂၇)ဘတ်အထိ ကျဆင်းလာတဲ့ အတွက် ပြည်ပပို့ကုန်နည်းသွားခြင်းဖြစ်ပါတယ်..”ဟု တာချီလိတ်မြို့နယ် အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်မှ ဇူလိုင်(၁၉)ရက်နေ့က တာချီလိတ်မြို့တွင် ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများပါဝင်သည့် တွေ့ဆုံပွဲတွင် ပြောဆိုတင်ပြလိုက်ခြင်းဖြစ်သည်။


ဒေသတွင်း ထွက်ကုန်များဖြစ်သော သစ်တောထွက်ပစ္စည်း၊ စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံထွက်ပစ္စည်း၊ အခြားပို့ကုန်များအား ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် ကုန်သွယ်ရေးဦးစီးဌာန နေပြည်တော်သို့ တင်ပြလျှောက်ထားရခြင်းအတွက် အချိန်များကြန့်ကြာကာ အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း၊ ယခင်က ကုန်ဈေးနှုန်းတက်လျှင် တက်ဈေးဖြင့်၊ ကျလျှင်ကျဈေးဖြင့် သတ်မှတ်၍ ဂျူတီဆောင်စေခဲ့သဖြင့် အဆင်ပြေသော်လည်း ယခုအခါ အခွန်ဈေးနှုန်းချပေးခြင်း မရှိသည့်အတွက် ကြက်သွန်ဖြူ ကုန်သည်များ အရှုံးပေါ်လျှက်ရှိကြောင်း ၎င်းထံမှ သိရသည်။

ပြည်တွင်း ပို့ကုန်တင်ပို့ရန်အတွက် နယ်စပ်ဒေသရှိ လုပ်ငန်းရှင်များမှ လိုအပ်သော ပို့ကုန်ဆိုင်ရာ လုပ်ငန်းစဉ်များအား ပြည်ထောင်စု အစိုးရအဖွဲ့ နေပြည်တော်ရှိ ကုန်သွယ်ရေးဦးစီးဌာနသို့ အဆင့်ဆင့် တင်ပြ၍ လုပ်ဆောင်ရကြောင်း၊ အခွန်ဆိုင်ရာ တွက်ချက်မှုများ လုပ်ဆောင်ရာတွင်လည်း လက်ရှိ ဒေါ်လာပေါက်ဈေးနှင့် ၀င်ငွေခွန်၊ လိုင်စင်ဈေးနှုန်းများ တွက်ချက်ပေးရကြောင်း၊ နယ်စပ်ဒေသ ဖြစ်သည့် အတွက် ဒေသအတွင်း ထွက်ကုန်များအား နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်ဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်လိုကြောင်း ကုန်သည်များထံမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>