Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ အာဇာနည်နေ့ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့

$
0
0
ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ အများပါဝင် ပူးပေါင်းမှုများကြောင့် အောင်မြင်စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း အာဇာနည်နေ့အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။



ယနေ့ ပြုလုပ်သည့် အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် တိုင်းရင်းသားများ အပါအ၀င် ဒေသခံပြည်သူများ လာရောက်၍ လွမ်းသူ့ပန်းခွေချကာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်များအား အလေးပြုခဲ့ကြသည့်အပြင် အာဇာနည်(၉)ဦး ကျဆုံးခဲ့သည့် အချိန်ဖြစ်သော နံနက်(၁၀)နာရီ (၃၇)မိနစ် အချိန်မရောက်မီတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးတို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေအား သယ်ဆောင်လာပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံရှေ့တွင် ထားရှိကာ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ ၀မ်းနည်းခြင်း အထိမ်းအမှတ် အလံတစ်ဝက်ချ အလေးပြုခြင်း နှင့် မီးသတ်ယာဉ်ဖြင့် ဥသြဆွဲကာ တက်ရောက်လာသူများမှ တပြိုက်နက် အလေးပြုခဲ့ကြသည်။

လွမ်းသူ့ပန်းခွေချ အလေးပြု အခမ်းအနားအပြီးမှာ (၆၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီးသော စာစီစာကုံး နှင့် ပိုစတာပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့် ဇူလိုင်လ(၁၈)ရက်နေ့ ညပိုင်းက အာဇာနည်နေ့ အခမ်းအနား အကြိုညတွင် တာချီလိတ်မြို့နယ်ဂီတအစည်းအရုံး နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗီဒီယိုအခြေခံအဖွဲ့(တာချီလိတ်)တို့မှ ဒိုင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည့် "အလေးပြုပါတယ်"နှင့် "အာဇာနည်နေ့ မမေ့သင့်ပေ"သီချင်းနှစ်ပုဒ်အား ကျောင်းသား၊ ကျောင်းသူ (၁၃)ဦးမှ ယှဉ်ပြိုင်သီဆိုခဲ့ရာ ဆုရရှိသူများ အပါအ၀င် အခမ်းအနား ဖြစ်မြောက်ရန်အတွက် ပံ့ပိုးလှူဒါန်းခဲ့ကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယခု အခမ်းအနားတွင် စုပေါင်းကာ လာရောက်၍ ပို့ဆောင်ကြသော လွမ်းသူ့ပန်းခွေများမှာ စုစုပေါင်း (၆၅)ခွေရှိပြီး အဆိုပါ ပန်းခွေများတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့။ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ လွမ်းသူ့ပန်းခွေများ ပါဝင်ပြီး နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် တိုင်းရင်းသားပြည်သူများ၏ လွမ်းသူ့ပန်းခွေများ ပါဝင်သည့် အပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နှင့် ချင်းရိုင်းမြို့ရှိ လူမှုရေးအသင်းအဖွဲ့ နှစ်ခုမှ လွမ်းသူ့ပန်းခွေများလည်း ပါဝင်ကြောင်း သိရသည်။

ယခုလို အခမ်းအနားဖြစ်မြောက်စေရန်အတွက် လူမှုရေးအသင်းအဖွဲ့များနှင့် ဗိုလ်ချုပ်ချစ်မြတ်နိုးသူများမှ ဦးဆောင်ကာ ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး ဒေသအုပ်ချုပ်ရေးဆိုင်ရာများ၏ ပံ့ပိုးကူညီမှုများနှင့်အတူ  အလှူရှင်များ၏ ပံ့ပိုးမှုများကြောင့် ခမ်းနားစွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့တာဖြစ်ကြောင်း အာဇာနည်နေ့အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့မှ သိရှိရသည်။

တာချီလိတ်မြို့သို့ ရောက်ရှိနေသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများအဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးကာ တာချီလိတ်မြို့၊ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကတဇ ဘဒ္ဒန္တပညာသာမိ နှင့် သံဃာတော်အရှင်သူမြတ်များ နှင့် သာမဏေများအား ယနေ့ ဇူလိုင်လ(၁၉)ရက် နံနက်(၁၁း၁၅)နာရီအချိန့်က  နေ့ဆွမ်း နှင့် လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>