Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဇူလိုင်လ(၂၂)ရက်နေ့တွင် တာချီလိတ်၌ တစ်နေကုန် လျှပ်စစ်မီး ဖြတ်တောက်မည်

$
0
0
တာချီလိတ်မြို့တွင် ၂၀၁၅ခုနှစ် ဇူလိုင်လ(၂၂)ရက် နံနက်(၈)နာရီ အချိန်မှ ညနေ(၄)နာရီ အချိန်ထိ တစ်မြို့လုံးကို ခေတ္တ လျှပ်စစ်မီးဖြတ်တောက်ထားမှာ ဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီမှ သိရသည်။


"မယ်ဆိုင်မြို့မှာလည်း လျှပ်စစ်မီးနဲ့ ပတ်သက်လို့ စစ်ဆေးမှုပြုသလို တာချီလိတ်မြို့မှာလည်း လျှပ်စစ်မီး ခဏခဏ ပျက်လို့ အမှတ်(၂)တံတားနားမှာ ထိုင်းဘက်က လျှပ်စစ်ဝန်ထမ်းတွေလာပြီး ချို့ယွင်းနေတဲ့ Relay မကောင်းတာတွေကို အသစ်လဲပေးသွားဖို့ ရှိတယ်လို့ အကြောင်းကြားလာပါတယ်၊ အဲ့ဒီနေ့ နံနက်ပိုင်းကနေ ညနေပိုင်းထိ လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားမှာပါ.."ဟု  မြို့မီးလင်းရေးကော်မတီမှ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ မယ်ကျန်းလျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးရှိ 115KV မဟာဓာတ်အားလိုင်းအား မယ်ဆိုင်မြို့ အထိ ချို့ယွင်းချက်များကို စစ်ဆေးပြုပြင်သွားမည် ဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်း လျှပ်စစ်ဝန်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် တစ်နေကုန်လျှပ်စစ်မီး ဖြတ်တောက်ထားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>