Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တရားမ၀င် မြန်မာနိုင်ငံသား အလုပ်သမားများကို ဖမ်းဆီးပြီး ပြန်ပို့ရာတွင် ထိုင်းရဲအား ဘတ်(၃၀၀၀)မပေးနိုင်၍ ဖမ်းခံရသူ ပါဝင်

$
0
0
ထိုင်းနိုင်ငံအတွင်း သွားရောက်ကာ အလုပ် လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများအနက် တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်နေကြသော တရားမ၀င် မြန်မာနိုင်ငံသား အလုပ်သမားများအား ထိုင်းနိုင်ငံမှ ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်မှုများကို ပြုလုပ်လျှက်ရှိရာ ယနေ့ ၂၀၁၅ခုနှစ် ဇူလိုင်လ(၁၆)ရက် မွန်းလွဲ (၁း၃၅)နာရီ အချိန်က တရားမ၀င် မြန်မာနိုင်ငံသား အလုပ်သမား (၈)ဦးအား တာချီလိတ် - မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေးတံတားအလယ်တွင် လာရောက်လွှဲပြောင်းလာကြောင်း သိရသည်။


"ကျွန်တော်နဲ့ အတူတူ ချင်းရိုင်းမှာ ဖမ်းခံရတဲ့ တစ်ယောက်က ထိုင်းရဲကို ဘတ်(၃၀၀၀) ပေးနိုင်လို့၊ လွတ်သွားတယ်၊ လက်မှတ်မရှိတာခြင်းလည်း အတူတူပါပဲ၊ ဒါပေမဲ့ ကျွန်တော်ကတော့ မပေးနိုင်လို့ အဖမ်းခံရပြီး အခုလို ပြန်ပို့ခံရတာ"ဟု ပြန်ပို့ရာတွင် ပါဝင်သည့် ရှမ်းပြည်နယ် တောင်ပိုင်းမှ အမျိုးသားတစ်ဦးက ပြန်လည် ပြောပြသည်။

ထိုသို့ လွှဲပြောင်းရာတွင် ရှမ်းပြည်နယ် တောင်ပိုင်းမှ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ အမျိုးသား(၃)ဦး နှင့် မွန်ပြည်နယ်မှ အမျိုးသား(၁)ဦး စုစုပေါင်း (၈)ဦးပါဝင်ကြောင်း နှင့် ထိုသို့ လွှဲပြောင်းလာမှုကို မြန်မာဘက် တာဝန်ရှိသူများမှ စိစစ်လက်ခံခဲ့ကြောင်း သိရသည်။


 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>