Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဂရင်းဆိပ်၌ ထိုင်းလယ်သမားများက သဲအိတ်ဖြင့် ရေတားပြန်လည်ပြုလုပ်ထားသည့်အတွက် တာချီလိတ်ဒေသခံများမှ မကျေမနပ်ဖြစ်နေ

$
0
0
မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ နယ်နိမိတ်အကြား စီးဆင်းနေသည့် မယ်ဆိုင်ချောင်းအတွင်းမှ ရေများကို လယ်မြေများအတွင်း ရယူကာ သုံးစွဲနေသာ မယ်ဆိုင်မြို့မှ လယ်သမားများသည် သဲအိတ်ဖြင့် ယနေ့ ဇူလိုင်လ(၁၄)ရက်နေ့မှာ ရေတားပြုလုပ်ကာ ဆောင်ရွက်ထားသည့်အတွက် တာချီလိတ် ဒေသခံများမှ မခံချင်စိတ်များဖြစ်ပေါ်နေကာ လူမှုစာမျက်နှာများဖြစ်သည့် Facebook ပေါ်တွင် လတ်တလော ပြောဆို ပြစ်တင်မှုများ ထွက်ပေါ်နေလျှက်ရှိကြောင်း သိရသည်။


"ကိုယ့်ဘက်က လိုက်လျောပေးလိုက်တော့၊ ဟိုဖက်က မှန်မှန်ကန်ကန်ဆိုရင် ကောင်းတယ်၊ နောက်တစ်ချိန်မှာ ပြန်မဖယ်ပေးဘူးဆိုရင်တော့ ကျွန်တော်တို့ပဲ ရေကြီးရေလျှံမှုတွေကို ခံရမှာ၊ အခုတောင် မယ်ဆိုင်ချောင်းရေက နောက်လာပြီ၊ တောင်ကျရေတွေစီးလာရင်တော့ စိုးရိမ်စရာပဲ..."ဟု ကိုမြခိုင်မှ ပြောသည်။

"ဒီချောင်းဟာ ချစ်ကြည်ရေးချောင်းလို့ ပြောလို့ရနိုင်တဲ့အနေအထားပါ၊ သူတို့အတွက် အကျိုးစီးပွားဖြစ်ပြီး၊ ကိုယ့်ဘက်ကတော့ ရေကြီးရေလျှံစတဲ့ ဆိုးကျိုးတွေ ဖြစ်စေမှာမျိုးကိုတော့ လုံးဝ လက်မခံနိုင်ပါဘူး.."ဟု ဒေသခံ တစ်ဦးကလည်း ပြောလာသည်။


ဇူလိုင်လ(၁၃)ရက်နေ့က ရေတားများကို ဖျက်ဆီးဖယ်ရှားခြင်းနှင့် ပတ်သက်၍ ထိုင်းလယ်သမား (၂၀၀)ခန့်က ချစ်ကြည်ရေးတံတား(ထိုင်းဘက်)အား ၎င်းတို့ သဘောဖြင့် သော့ခတ်ကာ ပိတ်၍ ဆန္ဒပြခဲ့ရာမှ ယခုလို ဖြစ်ပေါ်လာတာဖြစ်ကြောင်း နှင့် ထိုင်းဘက် ပြင်ဆင်ချိန်ကို မြန်မာဘက်မှ (၁၀)ရက် အချိန်ပေးထားကြောင်း သိရသည်။

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>