Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မယ်ဆိုင်မှ ထိုင်းလယ်သမားများ ဆန္ဒပြ၍ မြန်မာဘက် ရေတား ဖျက်ဆီးဖယ်ရှားရေး ဆိုင်းငံ့ထား

$
0
0
မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့အကြား နှစ်နိုင်ငံနယ်နိမိတ်အဖြစ်ဖြတ်သန်း စီးဆင်းလျှက်ရှိသော မယ်ဆိုင်ချောင်း အတွင်း ဆယ်စုနှစ် နှစ်ခုစာမျှ အဟန့်အတားဖြစ်ပေါ်လျှက်ရှိသည့် ၀ါးဆိပ် (ပုန်းထွန်ရပ်ကွက်) ၊ ဂရင်းဆိပ် (ဆန်ဆိုင်းရပ်ကွက်) နှင့် ငှက်ပျောဆိပ် (ရန်အောင်မြေ ရပ်ကွက်)တို့ရှိ ရေတားတမံများကြောင့် နှစ်စဉ်မိုးကာလ ရေကြီးရေလျှံမှုဖြစ်ပွားကာ တာချီလိတ်မြို့အား ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေသည့် အတွက် မြန်မာ - ထိုင်း နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီများ၏ အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးချက်အရ နှစ်စဉ်မိုးကာလ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် အဆိုပါ ရေတားတမံများအား ယနေ့ ဇူလိုင်လ (၁၃)ရက် နံနက်ပိုင်းမှ စတင်ကာ နှစ်နိုင်ငံ တာဝန်ရှိသူများမှ ကြီးကြပ်လျှက် စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်ကြသည်။



ထိုသို့ ဆောင်ရွက်လျှက်ရှိစဉ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လယ်သမားများမှ ယင်းအတားအဆီးများကို ဖယ်ရှားလိုက်ပါက မယ်ဆိုင်မြို့ လယ်ယာစိုက်ခင်းများ အတွက် ရေရရှိမှုလျော့နည်းသွား
မည်ကို မကျေနပ်သည့် အတွက် ကျေးလက်တောင်သူ လယ်သမားအဖွဲ့ခေါင်းဆောင် နိုင်းပစစ်
ပူဝမ်စူလင်း ဦးဆောင်သည့် ထိုင်းတောင်သူလယ်သမား အင်အား နှစ်ရာခန့်သည် မယ်ဆိုင်မြို့ရှိ
မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)ထိပ် (ထိုင်းဖက်ခြမ်း)တွင် နံနက် (၈း၄၅)အချိန်ခန့်က စတင် ဆန္ဒပြကြပြီး ဆန္ဒပြသူများမှ ၎င်းတို့၏ အစီအစဉ်ဖြင့် နံနက် (၉)နာရီတွင် မြန်မာ - ထိုင်း
ချစ်ကြည်ရေး တံတားအား တဖက်သတ် သော့ခတ်ပိတ်လိုက်ကြသည့်အတွက် ယာဉ်သွားလာမှုများ ယာယီ
ရပ်ဆိုင်းသွားခဲ့သည်။



ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးတင်ဝင်းရွှေ ၊
အတွင်းရေးမှူး ဦးကျော်စွာလွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ နယ်ခြားကော်မတီဥက္ကဌ ဗိုလ်မှူးကြီး ပါဖတ်ဖုလ်ဖူးဝမ်း ၊ မယ်ဆိုင်မြို့ပိုင် နိုင်းဆုမ်ချိုင်းရွန်းဆာရုန်း
ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့တို့သည် တာချီလိတ်မြို့ ရွှေနန်းတော်ကုန်တိုက်တွင်
အရေးပေါ် ညှိနှိုင်း အစည်းအဝေး တစ်ရပ်အား ပြုလုပ်ခဲ့ကြသည်။



ယင်း အရေးပေါ် အစည်းအဝေးတွင်  နှစ်နိုင်ငံ သဘောတူညီချက်ကို လေးစားစွာလိုက်နာရေး ၊ မယ်ဆိုင်ချောင်းရေအား နှစ်နိုင်ငံ အညီအမျှခွဲဝေသုံးစွဲရေး၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုအား မထိခိုက်စေရေးတို့ အတွက် ဆွေးနွေးညှိနှိုင်းကြကာ မယ်ဆိုင်ချောင်း အတွင်းရှိ
အဟန့်အတားများ ဖယ်ရှားမှု လုပ်ငန်းအား မယ်ဆိုင်မြို့ စိုက်ပျိုးရေး အတွက် ရေသွယ်မြောင်း
အတွင်းရှိ နှုံးများအား ဖယ်ရှားစဉ်အတွင်း ဇူလိုင်(၂၃)ရက်နေ့ အထိ ယာယီရပ်ဆိုင်းထားရန်
သဘောတူညီချက် ရရှိခဲ့ကြပြီး ဆန္ဒပြမှုအား နံနက်(၁၀)နာရီ (၂၀)မိနစ်တွင် ရုပ်သိမ်းပေးကာ
အမှတ် (၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအား နံနက်(၁၀)နာရီ(၂၅)မိနစ်တွင် ပြန်လည်
ဖွင့်လှစ်ကာ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများအား ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း
သိရှိရသည်။

သတင်း။  ။ မောင်ယဉ်ကျေး
ဓါတ်ပုံ။  ။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>