Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နိုင်ငံ့ဝန်ထမ်းဟောင်းများ ပါဝင်သည့် "တာချီလိတ်မြို့ နိုင်ငံ့ဝန်ထမ်းဟောင်းများ (မြို့ပြ)အသင်း"ကို တာချီလိတ်၌ အောင်မြင်စွာ ဖွဲ့စည်း

$
0
0
တာချီလိတ်မြို့နယ်မှ နိုင်ငံ့ဝန်ထမ်းဟောင်းများနှင့် တာချီလိတ်မြို့၌ လက်ရှိ အခြေချ နေထိုင် လျက်ရှိသော အခြားမြို့နယ်များမှ နိုင်ငံ့ဝန်ထမ်းဟောင်းများ စုစည်းကာ "တာချီလိတ်မြို့ နိုင်ငံ့ဝန်ထမ်းဟောင်းများ (မြို့ပြ)အသင်း"ကို ယနေ့ ၂၀၁၅ခုနှစ် ဇူလိုင်လ(၁၁)ရက် နံနက်(၉)နာရီအချိန်က JA စားသောက်ဆိုင်၌ အောင်မြင်စွာ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။


ယခုလို "တာချီလိတ်မြို့ နိုင်ငံ့ဝန်ထမ်းဟောင်းများ(မြို့ပြ)အသင်း"အား ဖွဲ့စည်းရခြင်းသည့် အသင်းဝင် နိုင်ငံ့ဝန်ထမ်းဟောင်းများ၏ သာရေး၊ နာရေး၊ လူမှုရေးနှင့် သားသမီးများ၏ ပညာရေး စသည်များကို ၀ိုင်းဝန်းကူညီ ထောက်ပံ့နိုင်ရန်အတွက် အဓိကဖွဲ့စည်းလိုက်တာ ဖြစ်ကြောင်း နှင့် ဌာနဆိုင်ရာများနှင့် ပတ်သက်၍ ပြည်သူတစ်ယောက် အနေဖြင့် သွားရောက်ရာတွင် ကြီးမားသည့် အခက်အခဲရှိသည့် ကိစ္စများကို လိုက်ပါ အကျိုးဆောင်ပေးနိုင်ရန် အပါအ၀င် ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း သိရသည်။


နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ တာချီလိတ်ခရိုင်ဥပဒေအရာရှိ(အငြိမ်းစား) ဦးကြည်ဝင်းမောင်က "ကျွန်တော်တို့ အသင်းက  နိုင်ငံ့ဝန်ထမ်းဟောင်းများဖြစ်တဲ့ အသင်းသား၊ အသင်းသူတွေရဲ့ လူမှုရေး ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးမယ်၊ အခက်အခဲဖြစ်နေတဲ့ သားသမီးတွေကို ပညာသင်စရိတ် ထောက်ပံ့ပေးမယ်၊ နောက်ပြီး ဒီအသင်းမှာက နိုင်ငံ့ဝန်ထမ်းဟောင်းတွေဆိုတော့ ဌာနဆိုင်ရာ အသီးသီးက အငြိမ်းစားယူထားတာတို့၊ ထွက်ထားတာတို့ စတဲ့ လူတွေလည်းပါမယ်၊ ဌာနဆိုင်ရာနဲ့ အခက်အခဲဖြစ်တာမျိုးတွေမှာ ကျွန်တော်တို့ အသင်းကို လာရောက်ဆက်သွယ်ပြီး အကူအညီတောင်းခံ လာရင် အကျိုးဆောင်ပေးမှာဖြစ်ပါတယ်..."ဟု အသင်းကိုယ်စား ရှင်းပြသည်။


"ဌာနဆိုင်ရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အသင်းက အကျိုးဆောင်ပေးတဲ့အခါမှာလည်း ဌာနကို တိုင်စာပေးချင်တာတို့၊ အင်တာနက်မှာ တိုင်ချင်တာတို့မျိုးကိုတော့ အကျိုးဆောင်ပေးမှာ မဟုတ်ပါဘူး၊ တကယ့် အခက်အခဲဖြစ်တဲ့ သူများကိုသာ အကျိုးဆောင်ပေးသွားမှာပါ.."ဟု ၎င်းမှ ဆက်လက် ပြောပြသည်။

အဆိုပါ အသင်းအား စတင်ဖွဲ့စည်းရာ၌ နိုင်ငံ့ဝန်ထမ်းဟောင်း (၁၅)ဦးဖြင့် စတင်ကာ ဖွဲ့စည်းခဲ့ပြီး ဆက်လက်၍လည်း အသင်းတွင် မပါဝင်သေးသည့် တာချီလိတ်အခြေချ နိုင်ငံ့ဝန်ထမ်းဟောင်းများကို အသင်းဝင်အဖြစ် လက်ခံသွားရန်အတွက် ကြိုဆိုလျှက်ရှိကြောင်း နှင့် ဒုတိယအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုကို (၂၅.၇.၂၀၁၅) နံနက် (၈)နာရီတွင် JA စားသောက်ဆိုင်၌ပင် ပြုလုပ်သွားမည်ဖြစ်ရာ အသင်းမ၀င်ရသေးသည့် နိုင်ငံ့ဝန်ထမ်းဟောင်းများ အနေဖြင့်  လာရောက် လေ့လာကာ အသင်းဝင်နိုင်မှာဖြစ်ကြောင်း သိရသည်။



ယင်းအသင်းတွင် မြေစာရင်း၊ စာရင်းစစ်၊ မီးသတ်၊ တရားရေး၊ လျှပ်စစ်၊ ပြန်ကြားရေး၊ အင်ဂျင်နီယာ၊ ပညာရေးနှင့် အခြားသက်ဆိုင်ရာ ဌာနအသီးသီးမှ ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပါဝင်သည့်အတွက် အများပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည့် အသင်းတစ်သင်းဖြစ်ပြီး ဆက်လက်၍လည်း အသင်းသို့ ၀င်ရောက်လိုသော မည်သည့်နိုင်ငံ့ဝန်ထမ်းဟောင်းများမဆို ၀င်ရောက်နိုင်ရန်အတွက် အောက်ဖော်ပြပါ လိပ်စာများတွင် သွားရောက် မေးမြန်ကာ အသင်းဝင်ရောက်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်/စုံစမ်း/အသင်းဝင်ရန်

ဦးထိန်မင်း
မေတ္တာမိတ္တူလုပ်ငန်း၊ ဗိုလ်ချုပ်လမ်း၊ အကောက်ခွန်ရုံးရှေ့၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း။  ။ 09250131150 ထိုင်းဖုန်း။  ။ 0827650919

ဦးကျော်သီဟ
ပြည့်စုံပုံနှိပ်တိုက်၊ ဂိုးဒလ်းချယ်ရီ ဟိုတယ်ရှေ့၊ အားကစားရုံလမ်း၊ တာချီလိတ်မြို့။
မြန်မာဖုန်း။  ။ 09256233940 ထိုင်းဖုန်း။  ။ 0900524606

ဦးလှမြင့်အောင် ( စာတိုက်မှူး )
ဆက်သွယ်ရေးဝန်း၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း။  ။ 09250777727

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>