Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အရှင်ဝီရသူမှ သမ္မတဦးသိန်းစိန်၏ ဒုတိယသက်တမ်း ကြိုဆိုထောက်ခံရခြင်း အကြောင်းအရင်းအား မိန့်ကြား

$
0
0
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံသားများ အများအပြား ၀င်လာခြင်းမှာ လူမျိုးတုံးသတ်ဖြတ်ရန် မဟုတ်ဘဲ စီးပွားရေးလုပ်ရန် အတွက်သာဖြစ်ခြင်းကြောင့် အရေးမကြီးကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်အပေါ် ထိန်းချုပ်နိုင်မှု မရှိခြင်းကြောင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ သမ္မတ ဒုတိယ သက်တမ်းအတွက် ထောက်ခံကြိုဆိုခြင်းဖြစ်ကြောင်းကို အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင် ဆရာတော် အရှင်ဝီရသူက ဇူလိုင်(၁၀)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်လေဆိပ်၌  တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်ကြားခဲ့သည်။


လက်ရှိမြန်မာ့တပ်မတော်အား အမျိုးသမီးတစ်ဦး အနေနှင့် သြဇာညောင်းနိုင်မှု မရှိသဖြင့် တပ်မတော်အား ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ယခင်ကာလများကဲ့သို့ နောက်သို့ ပြန်ဆုတ်သွားမည်ကို မလိုလားကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် သမ္မတ ဦးသိန်းစိန်မှလွဲ၍ တစ်ခြားသူတစ်ဦးအား သမ္မတအဖြစ် ဖြစ်နိုင်သူ မရှိကြောင်း ဆရာတော် အရှင်ဝီရသူမှ မိန့်ကြားခဲ့သည်။

"အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ရင် မျိုးစောင့်ဥပဒေမျိုးကို အခုအစိုးရဟာ ပြည်တွင်းက နိုင်ငံရေးသမားနဲ့ ပြည်ပမီဒီယာတွေ ကန့်ကွက်တဲ့ကြားက ပြည်သူတွေရဲ့ ဆန္ဒနဲ့ သံဃာတော်တွေရဲ့ဆန္ဒကို လိုက်လျောခဲ့တယ်၊ သမ္မတကြီးကို ထောက်ခံတာ အမျိုး၊ ဘာသာ၊ သာသနာ အဖွဲ့တစ်ခုတည်း အနေနဲ့တောင် မဟုတ်ဘူး တစ်တိုင်းပြည်လုံး ပြည်သူတွေအနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကလွဲရင် ရွေးချယ်စရာ လူမရှိဘူး.."ဟု အရှင် ၀ီရသူမှ တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်ကြားခဲ့သည်။

လက်ရှိနိုင်ငံရေး အခြေအနေမှာ တဖြည်းဖြည်းခြင်း ပြောင်းလဲနေခြင်းသာဖြစ်ကြောင်း၊ နိုင်ငံရေး လောဘကြီးသူများသာ ပြောင်းလဲမှုအား မမြင်နိုင်ခြင်းဖြစ်ကြောင်း ထပ်မံမိန့်ကြားခဲ့သည်။

"တရုတ်တွေ မြန်မာနိုင်ငံအတွင်း ၀င်လာတာဟာ သူတို့ အမျိုး၊ ဘာသာ၊ သာသနကို ဖျက်စီးဖို့ မဟုတ်ဘူး စီးပွားရေးလုပ်ဖို့ဘဲ၊ ဦးဇင်းတို့အနေနဲ့ အခုချိန်မှာ အမျိုး၊ ဘာသာ၊ သာသနာကို ထိပါးလာမယ့်အရေးကို အရင်အား စိုက်လုပ်တယ် ဒါပေမယ့် သူတို့ကိုလဲ မျက်ခြေအပျက်မခံပါဘူး"ဟု ဆရာတော်မှ မိန့်ကြားခဲ့သည်။

တရုတ်နိုင်ငံသားများမှ မြန်မာနိုင်ငံသားများအား စော်ကားမှုနှင့်ပတ်သက်၍ (မဘသ)မှ (၂)မှု ကိုင်တွယ်ဖြေရှင်းလျှက်ရှိကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မည့်အရေး မဟုတ်သည့်အတွက် ဒုတိယ နေရာတွင်သာထား၍ ဖြေရှင်းလျှက်ရှိကြောင်း ဆရာတော်မှ မိန့်သည်။

ဆရာတော်အရှင်ဝီရသူသည် တာချီလိတ်မြို့၊ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် ဇူလိုင်(၈)ရက်နှင့် (၉)ရက်နေ့၌ တရားဟောကြားရန် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဒေသခံ လူမှုရေး အသင်းအဖွဲ့များမှ ဆရာတော်တရားပွဲဖြစ်မြောက်ရေးကို အသံချဲ့စက်များနှင့် ရပ်ကွက်များအတွင်း လိုက်လံ ကြေညာခဲ့ပြီး တရားပွဲတွင် လုပ်အားဒါနပြုခဲ့ကြောင်းသိရပြီး တာချီလိတ်မြို့ ဒေသခံများမှ ဆရာတော်၏ တရားအား နာကြားခဲ့ကြောင်း သိရသည်။

ဆရာတော်အရှင်ဝီရသူသည် ဇူလိုင်(၈)ရက်နေ့က "ဒို့တာဝန်အရေးသုံးပါးအား (၉၆၉)ဖြင့် ထိန်းသိမ်းစို့"တရား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဇူလိုင်(၉)ရက်နေ့တွင် "သုဘဒ္ဒါလိုမိန်းကလေး"တရား ခေါင်းစဉ်ဖြင့် လည်းကောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ထိန်းရေး တရားများကို ဟောကြားခဲ့ကြောင်းသိရပြီး ဆရာတော်၏ လုံခြုံရေးအား သတင်းအမျိုးမျိုးထွက်ပေါ်ခဲ့သော်လည်း တရားပွဲအောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>