Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဇူလိုင်လ ပထမပတ်အတွင်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံတို့တွင် ငလျင်(၇)ကြိမ်လှုပ်ခဲ့

$
0
0
မြန်မာနိုင်ငံ နှင့် နီးစပ်သည့် ထိုင်း၊ လာအို၊ တရုတ်တို့တွင် ဇူလိုင်လ ပထမပတ်အတွင်း အသေးစားမှ အလတ်စား အဆင့်ရှိ ငလျင်(၇)ကြိမ် တိတိ လှုပ်ခတ်သွားခဲ့ကြောင်း ထိုင်းနိုင်ငံ ငလျင်နှင့် မိုးလေ၀သ ခန့်မှန်းရေးဌာန၏ နေ့စဉ် ထုတ်ပြန်ချက်အရ သိရသည်။


ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အတွင်း၌ ဇူလိုင်လ(၁)ရက်နေ့ ဒေသစံတော်ချိန် (၁၅း၀၆)နာရီက (၃.၃)ရစ်ခ်ျတာစကေးရှိ ငလျင် လှုပ်ခတ်သွားခဲ့ပြီး ဇူလိုင်လ(၃)ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၈း၄၀)နာရီ အချိန်တွင် အင်အား(၄.၄)ရစ်ခ်ျတာစကေးရှိသည့် ငလျင်သည်  မြန်မာနိုင်ငံနှင့် နီးစပ်သည့် အန္တမန်ပင်လယ်တွင် လှုပ်ခတ်သွားခဲ့ပြီး နာရီပိုင်းအတွင်းဖြစ်သည့် နံနက်(၉း၄၄)နာရီတွင် အဆိုပါ နေရာ၌မှာပင် ရစ်ခ်ျတာစကေး(၅.၁)ရှိသည့် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့သည်။

ဆက်လက်၍ ဇူလိုင်လ(၃)ရက်နေ့မှာပင် ဒေသစံတော်ချိန် (၁၄း၂၇)နာရီအချိန်က ထိုင်းနိုင်ငံ တက်ခ်ခရိုင်၌ အင်အား(၃.၃)ရစ်ခ်ျတာစကေးရှိ ငလျင် လှုပ်ခတ်သွားခဲ့သည်။

ဇူလိုင်လ (၅)ရက်နေ့တွင် နံနက်(၄း၅၁)နာရီအချိန်က လာအိုနှင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ ထိုင်းနိုင်ငံ ဖာခ်ထခရိုင်တွင် (၁.၉)အဆင့်ရှိ အသေးစားငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး၊ ဇူလိုင်လ(၆)ရက် ဒေသစံတော်ချိန် (၁၂း၂၄)နာရီအချိန်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဂျင်းဒေါင်တွင် အင်အား (၄.၄)ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ဇူလိုင်လ(၆)ရက် ည(၁၉း၀၅)နာရီအချိန်က မြန်မာ - တရုတ် နယ်စပ်ဖြစ်ပြီး မိုင်းယောင်မြို့နှင့်နီးသည့် တရုတ်ဘက်တွင် အင်အား (၃.၈)ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။

ဇူလိုင်လ ပထမပတ်အတွင်း၌ ငလျင်လှုပ်ခတ်မှု အကြိမ်အများဆုံးအနေဖြင့်  ထိုင်းနိုင်ငံတွင် (၃)ကြိမ် နှင့် တရုတ်နိုင်ငံတွင် (၂)ကြိမ် အပြင် အန္တမန်ပင်လယ်တွင် (၂)ကြိမ်တိတိ လှုပ်ခတ်သွားခဲ့ကြောင်းနှင့် ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့တွင် စုစုပေါင်း ငလျင်(၃၂)ကြိမ် လှုပ်ခတ်သွားခဲ့ကြောင်း ထိုင်းနိုင်ငံ ငလျင်နှင့် မိုးလေ၀သ ခန့်မှန်းရေးဌာနမှ သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  





Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>