Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

၂၀၁၅ ရွေးကောက်ပွဲ လုံခြုံရေးအတွက် တစ်နိုင်ငံလုံး အထူးရဲတပ်ဖွဲ့အဖြစ် ရက်ပေါင်း(၉၀)ခန့်အပ်မည်

$
0
0
၂၀၁၅ ရွေးကောက်ပွဲကာလ (၃)လအတွင်း လုံခြုံရေးဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အထူး ရဲတပ်ဖွဲ့အား တစ်နိုင်ငံလုံးအနေဖြင့် တရားဝင် ခန့်အပ်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ(၃)ရက်နေ့က ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်တက္ကစီ မောင်းသူများအား မှုခင်းဆိုင်ရာ အသိပညာပေးအဖြစ် ဟောပြောစဉ် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက ထည့်သွင်း ပြောကြားခဲ့သည်။


"ရွေးကောက်ပွဲကာလမှာ မဲဆွယ်စည်းရုံးတဲ့ အချိန်ရော မဲဆန္ဒပေးတဲ့ အချိန်မှာပါ တစ်နိုင်ငံလုံး မြို့နယ်အလိုက် လိုအပ်နေတဲ့ ရဲတပ်ဖွဲ့အင်အား ဖြည့်ဆည်းဖို့ အထူးရဲဆိုပြီး အခြေခံလစာ (၁၅၀၀၀၀)ကျပ်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရုံးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ခန့်အပ်မှာပါ"ဟု ၎င်းမှ ပြောသည်။

စိတ်ပါဝင်စားသူများ အနေဖြင့် အသက်(၁၈)နှစ်မှ အသက်(၆၀)နှစ်ကြားရှိသူများ လျှောက်ထားနိုင်ကြောင်း သိရပြီး စာရိတ္တကောင်းမွန်သူများဖြစ်ကာ ပညာအရည်အချင်း သတ်မှတ်ချက်မှာ အနည်းဆုံး အလယ်တန်းအဆင့် အောင်မြင်သူဖြစ်ရမည်ဖြစ်ကြောင်း၊ အရပ်အမြင့် ပေ(၅´၃´´)အထက်နှင့် ပိန်လွန်း ၀လွန်းသူ မဖြစ်ရန်နှင့် မဲရုံနှင့် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာသင်တန်းကို (၁)လအကြာပေးကာ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

လတ်တလောတွင် တာချီလိတ်မြို့၌ ရွေးကောက်ပွဲအတွက် အထူးရဲတပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ရန် စိတ်ဝင်စားသူ (၂၀)ဦးခန့် စာရင်းပေးသွင်းထားပြီဖြစ်ကြောင်းနှင့် လိုအပ်သော အင်အား စာရင်း အလိုက်သာ ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ပါမစ်နစ် နိုင်ငံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး နိုင်ငံဝန်ထမ်း အခွင့်အရေး အပြည့်အ၀ ရရှိမည်ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"ကျွန်တော်တို့ စိတ်တော့ဝင်စားတယ်၊ အချိန်ပြည့် တာဝန်ထမ်းဆောင်ရမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး၊ လက်ရှိ အလုပ်အကိုင်ကို ပစ်ပြီးတော့ဆိုရင်ပေါ့၊ ဒါပေမယ့် အချိန်(၃)လဘဲလုပ်ရမယ်၊ ရွေးကောက်ပွဲလုံခြုံရေးအတွက် ဆိုရင် မဆိုးဘူး.."..ဟု တာချီလိတ်မြို့ခံတစ်ဦးမှပြောသည်။

တာချီလိတ်ခရိုင်အတွင်း ရဲတပ်ဖွဲ့ အင်အားမှာ စုစုပေါင်း(၃၀၀)ကျော်ရှိပြီး မှုခင်းဆိုင်ရာများအား ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုခန့်အပ်မည့် ရွေးကောက်ပွဲ အထူးရဲတပ်ဖွဲ့အား ၂၀၁၅ ရွေးကောက်ပွဲကာလ (၃)လအတွင်းသာ ခန့်အပ်မည်ဖြစ်ပြီး လိုအပ်ပါက ရဲတပ်ဖွဲ့၏ မှုခင်းဆိုင်ရာနှင့် အဓိကရုဏ်း လုပ်ငန်းများတွင် ပါဝင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>