Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဆရာတော် အရှင်ဝီရသူ တရားပွဲ တာချီလိတ်၌ ကျင်းပမည်ဖြစ်ရာ ကောလဟလများ ထွက်ပေါ်

$
0
0
တာချီလိတ်တွင် ဆရာတော် အရှင်ဝီရသူ တရားပွဲကျင်းပရန် ကောလဟလများ ထွက်ပေါ်နေသော်လည်း လုံခြုံရေး စီမံချက်များပြုလုပ်၍ ဇူလိုင်(၈)ရက်နှင့်(၉)ရက် (၂)ရက်တိုင်တိုင် တရားဟောမည်ဖြစ်ကြောင်း သိရသည်။

"ဆရာတော်ကို တရားမဟောခင် တာချီလိတ်မြို့ရဲ့ တည်ငြိမ်နေတဲ့ အခြေအနေကို အရင်ရှင်းပြပြီး ပဋိပက္ခဖြစ်စေမဲ့ တရားမဟောဖို့အတွက် အရင်လျှောက်မှာပါ အဓိကတော့ ဆရာတော်ကို ကြည်ညိုလို့ရယ် ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာကို ကိုယ့်လူမျိုးတွေ ချစ်တတ်လာအောင် ဟောစေချင်လို့ ပင့်လိုက်တာပါ.."ဟု တရားပွဲအလှူရှင် ဦးတိုးလှိုင်မှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

ဆရာတော်အား တရားဟော ကြွရောက်ရန် ဇွန်လလယ်ခန့်ကစတင် ပင့်ဖိတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တာချီလိတ်မြို့ပေါ်တွင် ဆရာတော်၏ လုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ စီမံချက် ရေးစွဲထားပြီးကြောင်း၊ တာဝန်ရှိသူများမှလည်း ဆရာတော်အား မည်သည့် တရားဟောခြင်းနှင့် ပိတ်ပင်ခြင်းမရှိကြောင်း ၎င်းထံမှသိရသည်။

အရှင်ဝီရသူ တရားပွဲနှင့်ပတ်သက်၍ တာချီလိတ်မြို့ပေါ်တွင် ကောလဟာလ မျိုးစုံထွက်ပေါ်နေသော်လည်း တရားပွဲဖြစ်မြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆရာတော်၏ လုံခြုံရေးအား အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။

တရားပွဲအား တာချီလိတ်မြို့၊ ဆန်ဆိုင်းမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် ဇူလိုင်လ(၈)ရက်မှ (၉)ရက်နေ့အထိ ညစဉ်(၇)နာရီခွဲမှ (၂)ရက်တိုင်တိုင် ဟောကြားမည်ဖြစ်ပြီး တရားအလှူရှင်များမှာ ဦးတိုးလှိုင်+ ဒေါ်ငယ် မိသားစုမှဖြစ်ကြောင်း သိရသည်။

"သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးတစ်ပါးအနေနဲ့ လူတွေ ယဉ်ကျေးလိမ္မာဖို့ တရားဒေသနာနဲ့ ဆုံးမသွန်သင်တာ ကျွန်တော်တို့ မြန်မာ့ ရိုးရာ အစဉ်အလာမို့ကောင်းပါတယ်၊ ဒါပေမယ့် သူများပြောသလို ဆရာတော်က အမျိုးသားရေးတရားဟောရင်တော့ တည်ငြိမ်နေတဲ့ ကျွန်တော်တို့မြို့လေး ပဋိပက္ခတွေ ရိုက်ခတ်လာမှာစိုးရိမ်တယ်.."ဟု ဒေသခံတစ်ဦးမှပြောသည်။

သတင်း။  ။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>