Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

MPT ၏ International Roaming ကြောင့် တာချီလိတ်ရှိ GSM ဖုန်းများမှာ ထိုင်းလိုင်းပူးသွားကာ ဖြည့်ထားသည့် ငွေများ ခဏလေးအတွင်း ကုန်သွား

$
0
0
မြန်မာ့ဆက်သွယ်ရေးမှ GSM ဖုန်းများအား နိုင်ငံတကာသို့ ခေါ်ဆိုနိုင်သော International Roamingကို ၂၀၁၅ခုနှစ် မေလ(၁၂)ရက်နေ့မှ စ၍ ဖွင့်ပေးလိုက်ရာမှ မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် GSM ဖုန်းများမှာ ထိုင်း ဆက်သွယ်ရေး ဖုန်းလိုင်းများနှင့် ငြိသွားကာ ဖုန်းအတွင်း ဖြည့်ထားသည့် ငွေများကုန်သွားကြသည့်အတွက် သက်ဆိုင်ရာ ဖုန်းများ၏ Network Setting တွင် MPT ကို ရွေးချယ်၍ အသုံးပြုရန်အတွက် Network Operator ရွေးချယ်နည်းများကို တာချီလိတ်ဆက်သွယ်ရေးမှ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ကြေညာစာ ကပ်၍ အသိပေးထားကြောင်း သိရသည်။


တာချီလိတ်မြို့၌ များသောအားဖြင့် Android ဖုန်းများ၏ ဘထ္ထရီအား အချက်ပြနှင့်  Network အချက်ပြ နေရာတွင် "R"ပုံ သင်္ကေတ ပေါ်နေခြင်း၊ MPT သို့မဟုတ် MM 900 အဖြစ်မှ ထိုင်းဆက်သွယ်ရေး လိုင်းများဖြစ်သည့် Dtac, TH-Dtac, TRUE, TH GSM, dtac TriNet သို့ အလိုအလျောက် ပြောင်းလဲ သွားကြပြီးနောက် အ၀င်အထွက် ဖုန်းခေါ်ဆိုမှုများမှာ သာမာန်နှုန်းထားအတိုင်း မဟုတ်တော့ဘဲ တစ်မိနစ်လျှင် ထိုင်းဘတ်ငွေ (၃၀)ဘတ်မှ (၄၅)ဘတ် နှင့် ညီမျှသည့် ငွေကြေးများကို ဖြတ်တောက်ခံရခြင်း နှင့် SMS တစ်စောင်လျှင် ထိုင်းဘတ်ငွေ (၁၂)ဘတ် နှင့် ညီမျှသည့် ငွေကြေးများကို ဖြတ်တောက်လျှက်ရှိသည့် အတွက် တာချီလိတ်ရှိ ဒေသခံများမှ ညည်းညူလျှက်ရှိကြောင်း ကြားသိရသည်။

( ထိုင်း Dtac ကုမ္ပဏီမှ အလိုအလျောက် စာပို့၍ အသိပေးပုံ )

"ထိုင်းလိုင်းတွေ ၀င်ပြီဆိုရင် ထိုင်းဖုန်းလိုင်း ကုမ္ပဏီတွေက ဖုန်းထဲကို အလိုအလျောက် စာတွေ ပို့ပြီး အသိပေးလာကြပေမဲ့၊ MPT ကတော့ ဘာအချက်မှ မပြလာဘူး၊ အဲ့လို မပြတော့ ပြင်ဆင်ချိန်လည်း မသိလိုက်တဲ့အခါ ဖုန်းထဲက ငွေတွေဟာ မကုန်သင့်ဘဲ ကုန်သွားတာပေါ့.."ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးကျော်ဝင်းက ပြောသည်။


"ထိုင်းဖက်ရောက်သွားရင်လည်း R ပေါ်တာတို့၊ ထိုင်းလိုင်းကို အလိုအလျောက် ပြောင်းသွားတာတို့ ဖြစ်သလို၊ များသောအားဖြင့်တော့ တာချီလိတ်မြို့ပေါ်မှာလည်း အဖြစ်များတယ်၊ တစ်ရက်တစ်ရက် ဆိုင်မှာ လာလာပြီး MPT ပြောင်းခိုင်းတဲ့လူတွေ များတယ်၊ တစ်ခါပြောင်းပြီးလည်း မကြာဘူး၊ ထိုင်းလိုင်းပြန်ဝင်သွားတာပဲ.. "ဟု တာချီလိတ်မြို့ပေါ် ဖုန်းပြုပြင်ရေးဆိုင်တစ်ဆိုင်မှ ဆိုသည်။

"ဖုန်းထဲကို ကျပ်တစ်သောင်းဖြည့်ထားတာ၊ တစ်ဖက်က +95 နဲ့ ဆက်လာတာကို ကိုင်လိုက်မိတော့ ဖုန်းထဲက ငွေတွေ ကုန်သလောက်နီးပါး ဖြစ်သွားတယ်၊ ရေရှည်ဆိုရင် မလွယ်ဘူးဗျာ.."ဟု တာချီလိတ်ဒေသခံ ဦးစိုင်းတင် က ပြောသည်။

တာချီလိတ်ဆက်သွယ်ရေးမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက "ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်ရုံးတွေမှာ ဖုန်းအတွင်း Network Operator ရွေးချယ်နည်း စာရွက်တွေကို အသိပေး ကြေညာကာ ကပ်ထားပါတယ်၊ အဲ့ဒီအပြင် ခရိုင်/မြို့နယ် အစည်းအဝေးတိုင်းမှာလည်း ဒီကိစ္စကို တင်ပြဆွေးနွေးဖြစ်ပါတယ်၊ အခုလို Thai Operator တခုခုနဲ့ ငြိနေရင် ဖုန်းရဲ့ Settings ထဲမှာ သွားပြီးတော့ MPT ကို ရွေးချယ်ပြီးမှပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်.."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

ယခုလို ဖြစ်ပေါ်နေသည့် ကိစ္စအပြင် ဒေသခံများ အနေဖြင့် ဖုန်းအတွင်း ဖြည့်တင်းထားသည့် ငွေများ ခဏလေးအတွင်း ကုန်သွားသည့် ကိစ္စများနှင့် ပတ်သက်၍ ရုံးချုပ်သို့ တင်ပြထားကြောင်း ၎င်းမှ ဆက်လက်ပြောပြသည်။


တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သည့်အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ အသုံးများသည့် Dtac, 12Call, True ဖုန်းလိုင်းများမှာ ၂၀၁၅ခုနှစ် မေလ(၁၂)ရက်နေ့ နောက်ပိုင်းမှ စ၍ အလိုအလျောက် ၀င်ရောက်ကာ ပြောင်းလဲသွားသည့်အတွက်  ဒေသခံများအနေဖြင့် ယင်းအခက်အခဲများနှင့် ကြုံတွေ့နေလျက်ရှိကြောင်း သိရှိရသည်။

ဖုန်းအမျိုးအစားအလိုက် Network Operator ရွေးချယ်နည်း
Android:
Settings --> Wireless & Network ---> More ---> Mobilenetwork ---> Network Operator or Service ---> Search mode ---> Select Manual ---> MPT or MM 900

Ios:
Settings ---> Carrier --- > MPT or MM 900

Nokia:
Settings ---> Phone Device ---> Operator ---> Select Manual ---> MPT or MM 900

သတင်း။  ။ ကိုဇောင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>