Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ထိုင်းနိုင်ငံတွင် ဖမ်းခံရသည့် တရားမ၀င် မြန်မာအလုပ်သမားများကို တာချီလိတ်သို့ ပြန်လည်လွှဲပြောင်း

$
0
0
မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့သို့ ထိုင်းဘက်တွင် ဖမ်းဆီးခံ မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမားများကို ပြန်လည် လွှဲပြောင်းပေးလာရာ ယနေ့ မေလ(၂၈)ရက်နေ့တွင် စုစုပေါင်း (၂၇)ဦး လွှဲလာကြောင်း သိရသည်။


"တပ်သားသစ် စုဆောင်းတာတွေရှိနေလို့ မထူးတာနဲ့ ထိုင်းနယ်စပ်ဘက်မှာ သွားပြီး အလုပ်လုပ်တာ ကောင်းမယ်ဆိုပြီး စွန့်စားပြီး ထွက်လာတာ၊ ထိုင်းနိုင်ငံ ချင်းမိုင်အကျော်လေးနားမှာတင် ဖမ်းခံရပြီး အခုလို ပြန်ပို့ခံရတာ.."ဟု ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ ရောက်ရှိလာပြီး ထိုင်းဘက်တွင် ဖမ်းဆီးခံရသူ  ရှမ်းအမျိုးသား တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


"ထိုင်းဘက်မှာ အဆင်ပြေမယ်ထင်လို့ အလုပ်လုပ်ဖို့ ထွက်လာတာ၊ တာချီလိတ်ကနေလည်း ကျော်လာပြီးပြီ၊ ထိုင်းနိုင်ငံ လန်းပန်းဘက်လည်းရောက်ရော ဖမ်းခံရတယ်၊ မှတ်ပုံတင်လည်း ကားသမားနဲ့ ပါသွားတယ်၊ အခုတော့ နမ့်စမ်ကိုပဲ ပြန်တော့မယ်..."ဟု ထိုင်းဘက်တွင် ဖမ်းဆီးခံရပြီး ပြန်ပို့လာသူထဲမှ စိုင်းအောင်လွင်က ဆိုသည်။


ယနေ့ ထိုင်းဘက်မှ လွှဲပြောင်းလာသည် မြန်မာနိုင်ငံသား တရားမ၀င်အလုပ်သမားများတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ  ကျား(၃)ဦး နှင့် မ(၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျား(၁၂)ဦးနှင့် မ(၂)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ကျား(၅)ဦးနှင့် မ(၄)ဦးရှိရာ စုစုပေါင်း (၂၇)ဦး ပါဝင်ကြောင်း သိရသည်။

ထိုသို့ ထိုင်းဘက်မှ လွှဲပြောင်းရာတွင် မြန်မာနိုင်ငံဘက်မှ မကဖ(၈)အဖွဲ့နှင့် တာဝန်ရှိသူများ အပါအ၀င် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)မှလည်း သွားရောက် လက်ခံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၂၂)ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းရှိ လိမ္မော်ခြံမှ မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမား (၈၄)ဦး နှင့် အခြား ဖမ်းဆီးခံ မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမား (၅)ဦး စုစုပေါင်း (၈၉)ဦးကိုလည်း ထိုင်းဘက်မှ လာရောက်လွှဲပြောင်းခဲ့ပြီးကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>