Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ လျှပ်စစ်မီး အချိန်(၇)နာရီခန့် ခေတ္တဖြတ်တောက်မည်

$
0
0
မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့သည် (၂၄)နာရီ လျှပ်စစ်ဓါတ်အားကို ထိုင်းနိုင်ငံမှ ရယူ သုံးစွဲထားရသည်ဖြစ်ပြီး လျှပ်စစ်မီးဓါတ်အားလိုင်းသည် ယခု ရက်ပိုင်းအတွင်း မယ်ဆိုင်မြို့နှင့် တာချီလိတ်မြို့၏ အချို့နေရာများ၌ မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေသည့်အတွက် (၂၉.၅.၂၀၁၅)ရက်နေ့တွင် အချိန်(၇)နာရီအကြာ လျှပ်စစ်မီးခေတ္တဖြတ်တောက်ကာ ထိုင်းနိုင်ငံဘက်မှ စစ်ဆေးမှုများပြုလုပ်သွားရန် ရှိကြောင်း တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ သိရသည်။


"မီးခဏခဏ ပြတ်နေလို့ ချင်းမိုင်ကနေ မယ်ဆိုင်အထိ မီးကြိုးတွေကို စစ်ဆေးမှာ ဖြစ်တဲ့အတွက် နေ့ပိုင်းကို မီးခေတ္တပြတ်မယ်လို့ ထိုင်းဘက်က ပြောလာပါတယ်၊ မီးကြိုးတွေကို စစ်ဆေးတဲ့အခါမှာ အရင်ပြီးရင် ပြီးသလို လျှပ်စစ်မီးကို အစောဆုံး လွှင့်ပေးမယ်လို့လည်း အသိပေး ပြောလာပါတယ်.."ဟု မြို့မီးလင်းရေးကော်မတီမှ ဒုဥက္ကဌ ဦးကြည်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ အသိပေးပြောကြားလာသည်။

ထိုင်းနိုင်ငံ PEA လျှပ်စစ်ရုံးချုပ်မှ မယ်ကျန်းလျှပ်စစ်ဓါတ်အား စက်ရုံကြီးရှိ 115KV မဟာဓါတ်အားလိုင်းများအား မယ်ဆိုင်မြို့အထိ ချို့ယွင်းချက်များကို စစ်ဆေး ပြုပြင် သွားမှာဖြစ်သည့် အတွက် မေလ(၂၉)ရက် နံနက်(၈း၃၀)နာရီမှ ညနေ(၂း၃၀)နာရီအချိန် လျှပ်စစ်မီး ခေတ္တပြတ်တောက်မှာဖြစ်သည်။

ယနေ့ မေလ(၂၇)ရက် ညနေ(၂း၃၀)နာရီအချိန်ခန့်က တာချီလိတ်၌ ရုတ်တရက် လျှပ်စစ်ဓါတ်အား ခေတ္တပြတ်တောက်သွားခြင်းသည် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ပြတ်တောက်သွားခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>