Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက်၏ အကြိမ်(၄၀)မြောက် ညောင်ရေသွန်းလောင်းပွဲသို့ လူဦးရေ ထောင်နဲ့ချီ လာရောက်

$
0
0
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ညောင်ရေသွန်းလောင်းလှူပွဲကို ကျင်းပလာခဲ့သည်မှာ အကြိမ်(၄၀)မြောက်ပြီ ဖြစ်သည့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်း ကျောင်းတိုက်၏ ငွေတောင်ဦးခြေတော်ရာပါဒ စေတီရင်ပြင်ပေါ်တွင် စတုဒိသာ စေတနာရှင်များ နှင့် လာရောက်သူ ဧည့်ပရိသတ်များဖြင့် စည်ကားစွာဖြင့် ညောင်ရေသွန်းလောင်းပွဲအား ယနေ့ ကဆုန်လပြည့်နေ့ မေလ(၂)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။



ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ ကျင်းပပြုလုပ်သည့် ညောင်ရေသွန်းလောင်းပွဲတော်တွင် လူကြီး၊လူလတ်၊ လူငယ် အစုံအလင် ပါဝင်သည့် စေတနာရှင် အလှူရှင်များမှ အအေးအစုံ နှင့် စားစရာ အစုံအလင်များကို စတုဒိသာ အဖြင့် ကျွေးမွေး လှူဒါန်းကြပြီး ငွေတော်ဦး ခြေတော်ရာပါဒ စေတီ ရင်ပြင်ပေါ်ရှိ ဗောဓိညောင်ပင်တွင် ရေသွန်းလောင်းကြသည်။



နေ့လည်ပိုင်းတွင် ရေစက်သွန်းချ တရားတော်နာယူခဲ့ကြပြီးနောက် သံဃာတော်နှင့်သီလရှင်များအား ဒေသခံ အလှူရှင်များမှ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။



ယခုနှစ်တွင် စတုဒိသာ အလှူရှင်များတွင် တာချီလိတ်မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များအပြင် ထိုင်းနိုင်ငံမှ အလှူရှင်များလည်း လာရောက်၍ လှူဒါန်းခဲ့ကြကြောင်း သိရသည်။



"ကုန်းတော်ပေါ်ကို ခြေလျင်တက်လာတဲ့ လူတွေအနေနဲ့ အမောပြေအောင်လို့ ကျွန်တော်တို့ လူငယ်တွေ တစ်နှစ်တစ်ခါ ဒီမှာလာပြီး ကုသိုလ်ယူတဲ့ အနေနဲ့ရောပေါ့ အအေးအလှူလုပ်ဖြစ်ပါတယ်"ဟု စေတနာရှင် လူငယ်တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



"ကျွန်တော်တို့ အသင်းသားတွေကနေ စုပေါင်းပြီးတော့ လှူတာရယ်၊ မယ်ဆိုင်ဘက်က အလှူရှင်တွေရယ် စုပေါင်းပြီးတော့ လှူဖြစ်ပါတယ်၊ စုစုပေါင်း ဘတ်တစ်သောင်းကျော်လောက်ရှိတဲ့ အအေးပုလင်း (၅၀၀၀)ကျော် နဲ့ ရေသန့်ဗူး ဒါဇင်(၃၀)ကို လာရောက်သူများကို ပေးဝေလှူဒါန်း ဖြစ်ပါတယ်.."ဟု တာချီလိတ်မြို့ တြိဂံသွေးလှူရှင်များအသင်းမှ ကိုကျော်ကျော်ချစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။


တာချီလိတ်မြို့၌ ဗောဓိညောင်ပင်ရှိသည့် ဘုန်းကြီးကျောင်းများတွင်လည်း ကဆုန်ညောင်ရေ သွန်းလောင်လှူပွဲများကို ကျင်းပကြပြီး ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်တွင်လည်း ကျင်းပပြုလုပ်ရာ လူဦးရေ ထောင်ချီလာရောက်ကြောင်း သိရှိရသည်။

ဓါတ်ပုံ ။ ။ #ဇောင်းညီ

ပုံများကိုကြည့်ရန်
ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက်၏ ညောင်ရေသွန်းလောင်းပွဲသို့ .....
⊰❂ #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net ❂⊱
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>