Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ သုဝဏ္ဏဂိရိစေတီတော်တွင် ထီးတော်တင်လှူပွဲ ကျင်းပမည်

$
0
0
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ စန်းရေသောက်ရေသန့် အနောက်ဘက်ရှိ ပုန်းထွန်တောင်ပေါ်၌ သုဝဏ္ဏဂိရိ စေတီတော်အား ထီးတော်တင်လှူပွဲကို ၂၀၁၅ခုနှစ် မေလ(၃)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


ထီးတော်တင်လှူပူဇော်မည့် အချိန်အား မေလ(၃)ရက်နေ့ နံနက်(၉)နာရီအချိန် သတ်မှတ်ထားရှိပြီး မွန်းတည့် (၁၂)နာရီအချိန်တွင် လှူဖွယ်အစုစုအတွက် တရားတော်နာယူကာ ရေစက်သွန်းချ အမျှပေးဝေသွားမှာ ဖြစ်ကြောင်း သိရသည်။



သုဝဏ္ဏဂိရိစေတီတော်အား တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဓမ္မသီရီ၊ မဟာမြတ်မုနိဘုရားကြီး ဘဒ္ဒန္တပညာသာမိ၊ မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥာဏသံဝရ နှင့် သီရိရတနာဂူဟာပုန်းထွန်ကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပိယဓရတို့အား အမှူးထား၍ စန်းရေသောက်ရေသန့် နှင့် မြစိမ်းကန်စားသောက်ဆိုင် မိသားစု အပါအ၀င် ခုနစ်ရက်သားသမီးများမှ ပါဝင်လှူဒါန်း၍ တည်ထားကိုကွယ်ထားတာဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ စိန်မြခိုင်(ရှမ်းလေး)
 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>