Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အကြိမ်(၄၀)မြောက်အဖြစ် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် ညောင်ရေသွန်းလောင်းလှူပွဲ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ စတုဒိသာ အလှူရှင်များ စာရင်းပေးသွင်းနိုင်

$
0
0
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ငွေတော်ဦးခြေတော်ရာပါဒ စေတီရင်ပြင်ပေါ်၌ အကြိမ် (၄၀)မြောက်အဖြစ် ညောင်ရေသွန်းပွဲအား ကဆုန်လပြည့် မေလ (၂)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ စတုဒိသာကျွေးမွေး လှူဒါန်းလိုသူများ အနေဖြင့် နေရာစနစ်တကျ ရရှိရေးအတွက် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။


ယခုနှစ်တွင် ညောင်ရေသွန်းလောင်းလှူပွဲသို့ ရောက်ရှိလာမည့် ဧည့်ပရိသတ်များအား ဧည့်ခံ ကျွေးမွေးရန် အတွက် အမည်စာရင်း ပေးသွင်းထားကြသည့် အလှူရှင်များမှာ လူဦးရေ (၃၀)၀န်းကျင်ရှိနေပြီး ထိုင်းနိုင်ငံဘက်မှလည်း လာရောက်၍ စာရင်းပေးသွင်းထားကြောင်း သိရသည်။

( ထိုင်းနိုင်ငံဘက်မှ ကြက်သားကြော် အလှူရှင် )

ထိုင်းနိုင်ငံဘက်မှ စာရင်းပေးသွင်းထားရာတွင် ထိုင်းနိုင်ငံ အုတ္တဒစ်ခရိုင်မှ အလှူရှင် ဦးစထစ်+ဒေါ်ကျိရာဖောန်း သား မောင်ထီးရာဖုန်း မိသားစုတို့မှ ကြက်သားကြော် (၁၂၀)ပိဿ နှင့် ကောက်ညှင်း၊ ကောက်ညှင်းထုပ်များကို လာရောက်၍ အပေါ်စေတီနှင့်အောက်စေတီ ကြားတွင် ကျွေးမွေးလှူဒါန်းမှာ ဖြစ်ပြီး ကျန်ရှိသည့် အလှူရှင်များအား အမည်များနှင့်တကွ နေရာများကို စနစ်တကျ သတ်မှတ်ပေးသွားမှာဖြစ်ကြောင်း ဝေယျာဝစ္စအဖွဲ့မှ သိရသည်။

( [၃၉]ကြိမ်မြောက်က အလှူငွေစာရင်းရှင်းတမ်း )

"ပြီးခဲ့တဲ့ အကြိမ်တုန်းက ဆရာတော်ဘုရားကြီးက နေရပ်ကို ခေတ္တပြန်ကြွသွားလို့ မရှိပေမဲ့၊ ဒီနှစ် ညောင်ရေသွန်းလောင်းလှူပွဲမှာတော့ ဆရာတော်ဘုရားကြီးကိုယ်တိုင် ဧည့်ပရိသတ်များကို တရားတော်ဟောကြားပေးမှာ ဖြစ်ပါတယ်"ဟု ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၏ ဝေယျာဝစ္စအဖွဲ့ဝင် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ညောင်ရေသွန်းလောင်းလှူပွဲ ကျင်းပမည့် ကုန်းတော်ပေါ်သို့ ကား/ဆိုင်ကယ်ဖြင့် ဖြစ်စေ၊ လမ်းလျှောက် လာကြသူများဖြစ်စေ အမောပြေနိုင်စေရန် ကုသိုလ်ရှင်များစွာတို့မှ စားစရာများနှင့် အအေးစုံများကို လှူဒါန်းကြမည်ဖြစ်သည်။

"ကျွန်တော်တို့ကတော့ နှစ်စဉ် သူငယ်ချင်းတွေနဲ့စုပြီး သွားလှူဖြစ်တယ်၊ လာတဲ့လူတွေက အရမ်းများတော့ ခဏလေးနဲ့ ကုန်တယ်၊ ဒီနှစ်လည်း သွားရောက်လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်.."ဟု စေတနာရှင် လူငယ်တစ်ဦးက ပြောလာသည်။

ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၏ အကြိမ်(၄၀)မြောက် ညောင်ရေသွန်းလောင်းလှူပွဲသို့ ရောက်ရှိလာမည့် ဧည့်ပရိသတ်များအား စေတနာရှင် အလှူရှင်များမှ စတုဒိသာကျွေးမွေး လှူဒါန်းလိုသူများ အနေဖြင့် သတ်မှတ်နေရာ ရရှိရေးအတွက် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် နှင့် ဘုရင့်နောင်ရင်ပြင်ရှေ့ရှိ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်အပြင် ဝေယျာဝစ္စအဖွဲ့ဝင်များထံတွင်လည်း စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။


အစီအစဉ်
( ၁ )၂-၅-၂၀၁၂ စနေနေ့၊ နံနက် ( ၇ )နာရီအချိန်တွင် မဟာဗောဓိရွှေညောင်ပင်အား ပန်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် သွန်းလောင်းပူဇော်ခြင်း။

( ၂ )၂-၅-၂၀၁၂ စနေနေ့၊ နံနက် ( ၁၀ )နာရီအချိန်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း။

( ၃ )၂-၅-၂၀၁၂ စနေနေ့၊ မွန်းတည့် ( ၁၂ )နာရီအချိန်တွင် ခြေတော်ရာဘုရား ဓမ္မာရုံသစ်ကြီးတွင် သံဃာတော် အရှင်သူမြတ်တို့ ဟောကြားတော်မူသော ပရိတ်တရားတော်၊
အနုမောဒနာ တရားတော်မြတ်တို့ကို တူမကွာ နာယူမှတ်သား၍ ရေစက်သွန်းချအမျှပေးဝေခြင်း။

( ၄ )၂-၅-၂၀၁၂ စနေနေ့၊ နေ့လည် ( ၁ )နာရီအချိန်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် ( ၁၀၈ )ပါးနှင့် သီလရှင် ( ၆၀ )ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း။

ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ရှိသည့် ညောင်ရေ သွန်းလောင်းလှူပွဲတွင် စေတနာရှင် အလှူရှင်များမှ စတုဒိသာများ ကျွေးမွေးလှူဒါန်းရာတွင် အမည်စာရင်းပေးသွင်းပြီး လှူဒါန်းသူများရှိကြောင်း နှင့် အမည်စာရင်းမပေးသွင်းပဲ လာရောက် လှူဒါန်းကြသူများလည်း များစွာရှိခဲ့ပြီး လာရောက်ကြသည့် ဧည့်ပရိသတ်များမှာ ထောင်ချီရှိခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>