Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မျက်စိ ကင်ဆာ ဝေဒနာခံစားနေရသူအား စေတနာရှင်များမှ ဖေးမကူညီ

$
0
0
တာချီလိတ်မြို့တွင် အသက်(၃၄)နှစ်အရွယ်ရှိ ရှမ်းတိုင်းရင်းသူ တစ်ဦးသည် မျက်စိကင်ဆာ ရောဂါကို တစ်နှစ်ကျော်အကြာ ခံစားနေရသည့် အတွက် ဆေးကုသရန်နှင့် ၎င်း၏ မိသားစု စားဝတ်နေရေး စသည့် အခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိရာ တာချီလိတ်မြို့ရှိ စေတနာရှင်များနှင့် ရပ်နီးရပ်ဝေး စေတနာရှင်များမှ တတ်အားသ၍ ပါဝင်ကူညီ လှူဒါန်းလျက်ရှိသည်။


( NIEC, International Education (Tachileik) မိသားစု )

မျက်စိဝေဒနာ ခံစားနေရသူ ဒေါ်နန်းနွန်းအတွက် ယနေ့ ဧပြီလ(၂၈)ရက်နေ့တွင် စေတနာရှင်များမှ လှူဒါန်းလျက်ရှိရာ ကာယကံရှင်များကိုယ်စား လူမှုအကျိုးဆောင်များမှ လက်ခံပေးခြင်းသော် လည်းကောင်း၊ ကိုယ်တိုင် အိမ်အရောက် သွားရောက်လှူဒါန်းလိုသူများသော် လည်းကောင်း အသီးသီးရှိရာ တာချီလိတ်မြို့မှ စေတနာရှင်များဖြစ်သည့်..
တော်ဝင်မြန်မာ မိသားစု မှ ထိုင်းဘတ်ငွေ (၅,၀၀၀)၊
ဝမ်းမိုဘိုင်း(ဖုန်းအမျိုးမျိုးနှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်)မိသားစု မှ ထိုင်းဘတ်ငွေ (၅,၀၀၀)၊
NIEC, International Education (Tachileik) မိသားစု မှ ထိုင်းဘတ်ငွေ (၅,၀၀၀)၊
အဆိုတော်/သရုပ်ဆောင် ဖဲလေဇက် မှ ထိုင်းဘတ်ငွေ(၃,၀၀၀)၊
မဧရာဝတီထွန်း မှ ထိုင်းဘတ်ငွေ (၁,၅၀၀)၊
တာလော့ဈေး sister အိတ်ဆိုင် သူငယ်ချင်းများမှ ထိုင်းဘတ်ငွေ(၁,၀၂၀)
ဦးကျမော်+ဒေါ်နန်းရွှေယဉ်ဦး မိသားစု မှ ထိုင်းဘတ်ငွေ (၁,၀၀၀)၊
ဒေါ်နန်းစီနွန်း(ကောင်းမြိန် စားသောက်ဆိုင်) မှ ထိုင်းဘတ်ငွေ (၁,၀၀၀)
မရာသက်ပန်မှ ထိုင်းဘတ်ငွေ(၁,၀၀၀)
တာချီလိတ်သတင်းအေဂျင်စီမှ ဒေါ်မြတ်သန္တာထက် က ထိုင်းဘတ်ငွေ (၁,၀၀၀)
တို့ကို အသီးသီး လှူဒါန်းကြသည်။

( အဆိုတော်/သရုပ်ဆောင် ဖဲလေဇက် )

( အမေရိကန်နှင့်မကာအိုကိုယ်စား )

ဆက်လက်၍ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော မနေခြည် မိသားစုမှ ကျပ်(၁)သိန်း နှင့် တရုတ်နိုင်ငံ မကာအိုတွင် နေထိုင်သူ  မအေး ( Tiffany Lei) မိသားစုမှ အလှူငွေ (၁)သိန်းကျပ်တို့ကို ကိုယ်စားအဖြစ် ဦးစည်သူမောင်တို့မှ အိမ်အရောက် သွားရောက်လှူဒါန်းပေးခဲ့ကြသည်။

( မရာသက်ပန် )

( မဧရာဝတီထွန်း )

တဆက်တည်းမှာပင် ရန်ကုန်မြို့မှ ရောက်ရှိလာသည့် အဆိုတော် ဆူးလေး မှ မျက်စိဝေဒနာခံစားနေရသူ ဒေါ်နန်းနွန်းအား ထိုင်းဘတ်ငွေ(၂၀၀၀)ကို အိမ်အရောက်သွားရောက်၍ ပေးအပ်လှူဒါန်းခဲ့ကြသည်။

( အဆိုတော် ဆူးလေး )

"ကျွန်မကတော့ ရန်ကုန်မှာလည်း အခုလို တတ်နိုင်တဲ့ဘက်က လူမှုရေးအလုပ်တွေ လုပ်ဖြစ်သလို၊ တကယ့်လိုအပ်တဲ့ နေရာတွေမှာလည်း ကူညီဖြစ်ပါတယ်၊ အခုလည်း တာချီလိတ်ကို ရောက်တုန်း ကူညီချင်တာနဲ့ အခုလို ကူညီဖြစ်တာပါ.."ဟု အဆိုတော် ဆူးလေးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

( ၀မ်းမိုဘိုင်း ဖုန်းဆိုင် မိသားစု )

မျက်စိဝေဒနာခံစားနေရသူနှင့် ပတ်သက်၍ "မျက်စိဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားရပြီးနောက် မျက်လုံးလည်း ကွယ်သွားတဲ့အပြင် စကားလည်း မပြောတတ်တော့ဘူး၊ နားတစ်မျိုးပဲ ကြားတော့တယ်၊ ကျွန်တော်တို့ ပြောတာ သူကြားရပေမဲ့၊ ပြန်ပြောလို့တော့ မရဘူး.."ဟု ခင်ပွန်းဖြစ်သူ ဦးစိုင်းဆော့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

( တော်ဝင်မြန်မာ မိသားစု )

( တာလော့အိတ်ဆိုင်အဖွဲ့ )

မျက်စိဝေဒနာအား ခံစားနေရသူ ဒေါ်နန်းနွန်းအား ငွေကြေးဖြင့်ဖြစ်စေ၊ စားသောက်ဖွယ်ရာများဖြင့် ဖြစ်စေ၊ ဆေးဝါးကုသပေးလို၍ဖြစ်စေ စေတနာရှင်များအနေဖြင့် အောက်ဖော်ပြပါ လိပ်စာများမှတဆင့် ဆက်သွယ်၍ ကူညီနိုင်မှာဖြစ်ပါသည်။

ဆက်သွယ်ကူညီနိုင်မည့် လိပ်စာများ

ဦးအောင်ဖြိုးရှိန် ( မြို့နယ်သတင်းထောက် )
မြန်မာဖုန်း။ ။ 094-3136431
ထိုင်းဖုန်း ။ ။ 0897558729
သူရိယ - သင်္ကန်းတိုက်၊ အကောက်ခွန်ရုံးဘေး(မျက်စောင်းထိုး)၊ ဗိုလ်ချုပ်လမ်း၊ ၀မ်ကောင်းရပ်၊ တာချီလိတ်မြို့။


ဦးစိုင်းဆင်
ရပ်ကွက်အုပ်ချုပ်ရေးမှူး
မြန်မာဖုန်း။ ။ 09-5240568၊
ထိုင်းဖုန်း။ ။ 0908903116
ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ တာချီလိတ်မြို့။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...