Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာ - တရုတ် နယ်စပ် လောက်ကိုင်ဒေသတွင်း တိုက်ပွဲများ၌ ကျဆုံး/ဒဏ်ရာရ တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် တာချီလိတ်ဒေသခံများမှ အားတက်သရော လှူဒါန်း

$
0
0
မြန်မာနိုင်ငံ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လောက်ကိုင်ဒေသ စစ်ဆင်ရေး၌ တာဝန်ထမ်းဆောင်စဉ် တိုက်ပွဲကျဆုံး/ဒဏ်ရာရ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ထောက်ပံ့ပေးအပ် လှူဒါန်းနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ ဒေသခံပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ စသည်တို့မှ ပူးပေါင်း၍ သက်ဆိုင်ရာအလိုက် ထောက်ပံ့အလှူငွေများအား လှူဒါန်းလျက်ရှိရာ ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)၏  ကျောက်ဆည်ရိပ်သာတွင် စေတနာရှင် ပြည်သူများ၏ အလှူငွေပေးအပ်ပွဲအား ကျင်းပပြုလုပ်ရာ စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေမှာ တစ်နေ့တည်း ကျပ်(၅၈၁၀၀၀၀)ရရှိကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦးမှ လောက်ကိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲနှင့် ပတ်သက်၍ ၎င်းအနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား အဝေးမှ တယ်လီဖုန်းများဖြင့် ဆက်သွယ်ရေး အားပေးနေလျက်ကြောင်းနှင့် ထိုသို့ နှုတ်ဖြင့် အားပေးနေမှုကို အားမရနိုင်ဘဲ ပြီးခဲ့သည့်ရက်က စစ်ဗျူဟာ နှင့် တာချီလိတ်တပ်နယ် ပြည်သူစစ်အဖွဲ့တို့ပူးပေါင်း၍ ကျပ်သိန်း(၂၀)ကို လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း နှင့် ယခုလို ပြည်သူများမှ တိုက်တွန်းစရာမလိုဘဲ လာရောက် ထောက်ပံ့လှူဒါန်းသည့်အတွက် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး အပါအ၀င် တာချီိလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အားလုံးကလည်း ၀မ်းသာပီတိ ဖြစ်ကြကြောင်းအပြင် ယခုလို လာရောက်လှူဒါန်းသည့်အတွက် တပ်မတော်သားများကိုယ်စား ၀မ်းမြောက်ဝမ်းသာဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။



ဆက်လက်၍ အလှူငွေပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ရာတွင် တာချီလိတ်တပ်နယ်မှ အရာရှိများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် စေတနာရှင် ပြည်သူများက အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ချီးမြှင့်သည်။



ယခုလို စုပေါင်းလှူဒါန်းရာတွင် တာချီလိတ်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်း မှ ကျပ်(၁၀)သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး (ရွှေဘူးသီးဟိုတယ်)မိသားစုမှ ကျပ်(၅)သိန်း၊ ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို ( ဟိုတယ်တာချီလိတ်) မိသားစုမှ ကျပ်(၅)သိန်း၊ ဦးဘိုလေး (မြန်မာ-ထိုင်း နယ်ခြားကော်မတီ) + ဒေါ်မေရီ မိသားစုမှ ကျပ်(၅)သိန်း၊ မြန်​မာ့အလင်း/​ကြေးမုံသတင်း​ထောက်​ ဦးအောင်ဖြိုးရှိန် မိသားစုမှ ကျပ်(၅)သိန်း၊ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့် နှင့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ ကျပ်(၅၆၀၀၀၀)၊ သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်) + ဒေါ်နန်းသောင်း မိသားစု မှ ကျပ်(၃)သိန်း၊ ဦးအောင်နိုင် မိသားစု ( ၀မ်းဂျီဝမ်း ဆဲဗင်း ဟိုတယ်)မှ ကျပ်(၅)သိန်း၊ ဦးစည်သူမောင် (CNCMC) + ဒေါ်နန်းကြာဖြူ မိသားစုမှ ကျပ်(၁)သိန်း တို့ ပါဝင်သည်။



ယင်းအပြင် တာချီလိတ်အွန်လိုင်းသတင်းဌာနမှ ကျပ်(၁)သိန်း၊ ခမရ ၃၃၁ မှ ဒုဗိုလ်မှူးကြီး ဇော်ဇော် + ဒေါ်ဇင်မာသန်း မိသားစု မှ ကျပ်(၁)သိန်း၊ ခမရ ၃၅၉ မှ ဒုဗိုလ်မှူးကြီး အောင်မြင့်ဦး + ဒေါ်ချောစုလှိုင် မိသားစုမှ ကျပ်(၁)သိန်း၊ ခမရ ၅၂၆ မှ ဗိုလ်မှူးအောင်သွင်ဦး + ဒေါ်သိင်္ဂီထွန်း မိသားစုမှ ကျပ်(၁)သိန်း၊ နယ်ခြားစောင့်တပ် ၁၀၀၉ မှ ဗိုလ်မှူးကျော်စိုး + ဒေါ်လေးအာ မိသားစုမှ ကျပ်(၁)သိန်း၊ ဦးနောင်နောင် (တာလော့)မိသားစုမှ ကျပ် (၃၅၀၀၀၀)၊ ဦးခမ်းချို မိသားစုမှ ကျပ်(၂)သိန်း၊ ဒေါ်နုနုဝင်း ဗယ်လင်တိုင်း + နိုင်းနိုင်း စားသောက်ဆိုင် မိသားစုမှ ကျပ်(၅)သိန်း စသည်တို့မှ စုပေါင်းလှူဒါန်းကြရာ စုစုပေါင်း လှူဒါန်းကြသည် ထောက်ပံ့လှူဒါန်းငွေမှာ ကျပ်(၅၈၁၀၀၀၀)ရှိကြောင်း သိရသည်။



ယခုလိုပင် ဖေဖော်ဝါရီလ (၁၅)ရက်နေ့က တာချီလိတ်စစ်ဗျူဟာ အဖွဲ့အခြေချ(တာချီလိတ်)မှ ကျပ်(၅)သိန်း နှင့် တာချီလိတ်တပ်နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့ဝင်များမှ ကျပ်(၁၅)သိန်း စုစုပေါင်း ကျပ်သိန်း(၂၀)ကိုလည်း လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပြီး ယခု ရရှိသော ထောက်ပံ့လှူဒါန်းငွေ စုစုပေါင်း ကျပ်(၅၈၁၀၀၀၀)ကိုလည်း အမြန်ဆုံး လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ကြောင်း သိရသည်။



"ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့က ကိုယ့်အိမ်ကိုယ့်နေရာမှာဘဲ နေနေကြတာများတယ်၊ ရှေ့တန်းမှာ နိုင်ငံတော်အတွက် တိုက်ပွဲဝင်နေကြတဲ့ တပ်မတော်သားတွေ အနေနဲ့ သူတို့နောက်မှာ ပြည်သူတွေ အားပေးနေတယ်ဆိုတာကို သိစေချင်လို့ အခုလို လှူဒါန်းတာလည်း ဖြစ်ပါတယ်"ဟု အလှူရှင်တစ်ဦးက ပြောကြားလာသည်။


တာချီလိတ်ဒေသခံများမှ ယခုဖြစ်ပွားနေသော ကိစ္စများနှင့် ပတ်သက်၍ တိုက်ပွဲဝင် တပ်မတော်သားများ အပေါ် စေတနာပြည့်ဝစွာဖြင့် သက်ဆိုင်ရာ နေရာများတွင် ယခုလို ထောက်ပံ့အလှူငွေများကို အားတက်သရော ထည့်ဝင်လှူဒါန်းနေလျက်ရှိကြောင်း သိရှိရသည်။


ထပ်မံ၍ လှူဒါန်းလိုသူများ အနေဖြင့် တာချီလိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့သို့လည်းကောင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်သို့လည်းကောင်း၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင်လည်းကောင်း၊ သက်ဆိုင်ရာဌာနများတွင်လည်း လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး
အကောက်ခွန်ရုံးဘေး၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း။ ။ ၀၈၄-၅၁၆၃၀၊ ၀၉-၂၅၄၃၃၈၀၀၈

ပုံများကိုကြည့်ရန်
မြန်မာ - တရုတ် နယ်စပ် လောက်ကိုင်ဒေသတွင်း တိုက်ပွဲများ၌ ကျဆုံး/ဒဏ်
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>