Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း စိတ်ကြွဆေးပြား ဖမ်းဆီးရရှိ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ် ဆေခမ်းရပ်ကွက်၊ ၀မ်ဟောင်ရွာတွင် ယနေ့ ဖေဖော်ဝါရီလ (၁၅)ရက် နေ့လယ်(၁း၁၀)နာရီအချိန်ခန့်က စိတ်ကြွဆေးပြားများကို မူးယစ်တပ်ဖွဲ့စု (၁၀၂)နေပြည်တော် နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီ်လိတ်တို့ ပါဝင်ပြီး နယ်မြေခံရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိကြောင်း သိရသည်။


တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်၊ ၀မ်ဟောင်ရွာရှိ နန်းကျန်နွန်း၏ နေအိမ်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းရရှိထားသည့် အတွက် ၀င်ရောက်ရှာဖွေရာမှ နန်းကျန်နွန်း၏ ခါးတွင် ပတ်ထားသည့် ခါးပတ်အိတ် အတွင်းမှ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၃၀)ပြားနှင့် အလေးချိန် (၀.၅)ဂရမ်ရှိသည့် အိုက်စ်အဖြူရောင်ပုံဆောင်ခဲကို တွေ့ရှိရကြောင်း အပြင် နေအိမ်အောက်ထပ် အိပ်ခန်းရှေ့ရှိ ကြမ်းပြင်ပေါ်မှ အဖြူရောင်ကော်ဗူးဖြင့် ထည့်ထားပြီး ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား (၅၇၀)ပြားကို ရှာဖွေတွေ့ရှိရာ စုစုပေါင်း စိတ်ကြွဆေးပြား(၆၀၀)ပြား ကို ရှာဖွေတွေ့ရှိတာဖြစ်ကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။

ဆက်လက်၍ စိတ်ကြွဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ နန်းကျန်နွန်းအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၃၄/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>