Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

စစ်မှုထမ်းပောာင်း နှင့် စည်ပင် ပူးပေါင်း၍ ပုန်းထွန်ရပ်ကွက်ရှိ ရေမြောင်းများအတွင်းမှ အမှိုက်များဆယ်ယူ

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက် အတွင်း၌ မယ်ဆိုင်ချောင်းအတွင်းသို့ဝင်သော လမ်းဘေး ရေမြောင်းများ အတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ယနေ့ ဖေဖော်ဝါရီလ (၁၄)ရက် နံနက်ပိုင်းတွင်  မြို့နယ်စည်ပင်သာယာရေး ကော်မတီ နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့ ပူးပေါင်း၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။



မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ၏ ကြီးကြပ်မှုဖြင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့မှ စုပေါင်း၍ ဆောင်ရွက်ကြရာတွင် တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက်ရှိ ပုန်းထွန်(၁)လမ်း၊ ဗေဒါလမ်း၊ ခရေလမ်း နှင့် သပြေလမ်းရှိ ရေမြောင်းများ အတွင်းမှ အမှိုက်များ ဆယ်ယူခဲ့ကြတာဖြစ်ကြောင်း သိရသည်။



“ဒီနေ့ သန့်ရှင်းရေး အနေနဲ့ မယ်ဆိုင်ချောင်းဆုံ တစ်လျှောက်မှာ ရှိတဲ့ ရေမြောင်းတွေကို ရေစီးရေလာ ကောင်းမွန်စေရေးအတွက် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး အမှိုက်တွေ ဆယ်ယူရှင်းလင်းပါတယ်..” ဟု တာချီလိတ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ပြောသည်။


ပုန်းထွန်ရပ်ကွက်သည် နှစ်စဉ်ရေဘေး ဒုက္ခခံရလေ့ရှိသော ရပ်ကွက်ဖြစ်ပြီး ရေမြောင်းများအတွင်း အမှိုက်များအား စွန့်ပစ်ခြင်းကြောင့် ရေစီးရေလာ ကောင်းမွန်ခြင်းမရှိဘဲ ရေထွက်ပေါက်များ ပိတ်ဆို့နေလေ့ရှိကြောင်း ရေမြောင်းများမှာ မယ်ဆိုင်ချောင်း အတွင်းသို့ စီးဝင်ခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>