Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနား တာချီလိတ်မြို့တွင်း မူကြိုများမှ စုပေါင်းကျင်းပ

$
0
0
ယနေ့ ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သည့် အမျိုးသားခေါင်းဆာင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် မွေးနေ့ နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ တာချီလိတ်မူကြိုကျောင်းမှ ဦးစီးပြီး လူမှုဝန်ထမ်း အသိအမှတ်ပြု မြို့တွင်း မူကြိုများပါဝင်သည့် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အောင်မြတ်ခန်းမ၌ ကျင်းပသည်။




ရှေးဦးစွာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က အဖွင့်အမှာ စကားပြောကြားရာတွင်
မြန်မာနိုင်ငံ အနေဖြင့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့် ၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင် ဆောင်ရွက်ခွင့် စသည့် ကလေးသူငယ် အခွင့်အရေး (၄)မျိုး ကို နိုင်ငံအတွင်းမှာရှိသည့် ကလေးတိုင်း အပြည့်အ၀ ရရှိခံစားစေရေး ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးများ၊ လူငယ်၊ လူရွယ်များ အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမြော်အမြင် ကြီးမှုနှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကို ထာဝစဉ် ကိန်းအောင်းစေရန် ရည်ရွယ်၍ ဗိုလ်ချုပ်မွေးဖွားခဲ့သည့် ဖေဖော်ဝါရီ(၁၃)ရက်နေ့အား
နှစ်စဉ် မြန်မာနိုင်ငံကလေးများ နေ့အဖြစ် သတ်မှတ်ကာ ကျင်းပပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားသည်။





ယခုလို ကလေးများအတွက် ဘက်ပေါင်းစုံ ဆောင်ရွက်ပေးခြင်းသည် နောင်အနာဂတ်ကို ပုံဖော်ပေးနေခြင်း ဖြစ်ကြောင်း၊ ကလေးများရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ပြဌာန်းပေးထားသည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေနှင့် မူဝါဒပါ လုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ပေးကြရန်၊ ရှေးဦးအရွယ်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် မိဘ ပြည်သူများအားလုံး ပူးပေါင်းပါဝင်
ဆောင်ရွက်ပေးကြရန် ဆက်လက်၍ ၎င်းမှ ပြောကြားသည်။





ဆက်လက်၍ စိန်မူကြို ၊ ချမ်းမြေ့ရိပ်မွန်မူကြို နှင့် မြို့ပေါ်ရှိ မူကြိုကျောင်းများမှ ကလေးငယ်များက တေးသရုပ်ဖော် အကပဒေသာများဖြင့် တင်ဆက်ကပြပြီး၊ မြန်မာနိုင်ငံကလေးများနေ့ အကြိုလှုပ်ရှားမှု ပြိုင်ပွဲများတွင် ကာယ၊ ဥာဏ ၊ စာရိတ္တပြိုင်ပွဲများများ၌ ဆုရရှိသည့် မူကြိုကလေးငယ်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

သတင်း ။  ။ ဝေယံလင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>