Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ထိုင်း - မြန်မာ အမှတ်(၁)(၂)တံတား ဘီးကောက်လေလံကြေး ကျပ်သိန်းပေါင်း (၂၉၅၅)သိန်းဖြင့် အဆုံးသတ်

$
0
0
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်အရေးလိုင်စင် ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချခြင်း အခမ်းအနားအား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ အောင်မြတ်ခန်းမတွင် ဖေဖော်ဝါရီလ(၄)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။



လေလံစည်းမျဉ်းများနှင့် ပတ်သက်၍ "လေလံလိုင်စင် ရရှိသူများသည် မိမိရရှိထားသော အခွင့်အရေး လိုင်စင်များအား တစ်ဆင့်လွှဲပြောင်းခြင်းမပြုရန် ပြုလုပ်ပါက လေလံရုပ်သိမ်းသည်အထိ အရေးယူခြင်း ခံရမည်ဖြစ်ပြီး လေလံဆွဲဝယ် ရရှိသူသည် လုပ်ငန်းလိုင်စင် လုပ်ကိုင်ရာ၌ ကော်မတီမှ သတ်မှတ်ထားသည့် မူလ နှုန်းထားများအတိုင်း ကောက်ခံခြင်း၊ ငွေကြေး ကောက်ခံရာတွင် ပြေစာဖြတ်ပိုင်းများ ထုတ်ပေးခြင်း၊ သတ်မှတ်နှုန်းထားများအား စာဖြင့်ထင်ရှားစွာ စိုက်ထူခြင်း၊ မြန်မာ(ကျပ်)ငွေဖြင့်သာ ကောက်ခံရမည်ဖြစ်ပြီး ထိုင်း(ဘတ်)ငွေဖြင့် ကောက်ခံခြင်း မပြုရ နှင့် လုပ်ငန်းအတွင်း ခန့်အပ်ထားမည့် အလုပ်သမား ၀န်ထမ်းများ၏ အမည်နှင့် မှတ်ပုံတင် အမှတ်များအား ကော်မတီသို့ တင်ပြပြီး သတ်မှတ်ဝတ်စုံ ၀တ်ဆင်၍ လုပ်ငန်းဆောင်ရွက်ရမည့် အကြောင်း နှင့် လေလံဈေးကြေးမြင့်ပြီး ၀ယ်ယူထားသူများ အနေနှင့် အခွန်အခများကို သတ်မှတ်နှုန်းထားများ အတိုင်းတာ ကောက်ခံရမှာဖြစ်ပြီး တိုးမြှင့် ကောက်ခံလို့ မရကြောင်း"တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ရှင်းလင်းပြောကြားသည်။



ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားတွင် ရောင်းချမည့် လိုင်စင်အမျိုးအစား(၁၃)မျိုး ပါရှိသည့်အနက် အပေါင်ဆိုင်လိုင်စင် အမျိုးအစား(၉)မျိုးပါရှိပြီး ဘီးကောက်လိုင်စင်(၃)မျိုး၊ ဘီးကောက် လေလံလိုင်စင် သက်တမ်းတိုး ဆွဲဝယ်ခွင့် (၂)မျိုးပါရှိကြောင်းသိရသည်။



 “တစ်ဦးနှင့်တစ်ဦး မခံချင်စိတ်ဖြင့် အပြိုင်ဆွဲပြီး သတ်မှတ်ဈေးနှုန်းထက် တိုးကောက်ပြီး အများပြည်သူ နစ်နာမယ် ဆိုရင်တော့ လေလံစည်းမျဉ်းနဲ့အညီ အရေးယူဆောင်ရွက်မှာပါ” ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး  ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာမှ လေလံပြိုင်ဆွဲသူများအား ပြောသည်။



ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် အမှတ်(၂) ဘီးကောက်လိုင်စင်အား ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၉၇၉)သိန်းဖြင့် ဈေးပြိုင်စနစ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ လေလံပြိုင်ဆွဲသူ (၄)ဦးပါဝင်ပြီး တာချီလိတ်မြို့မှ (၃)ဦး ပြင်ဦးလွင်မြို့မှ (၁)ဦးဝင်ရောက်လေလံပြိုင်ဆွဲရာ မကာဟိုခမ်းရပ်ကွက်မှ ဒေါ်နန်းခမ်းမှ ကျပ်သိန်းပေါင်း(၂၉၅၅)သိန်းဖြင့် လေလံအောင်မြင်သွားခဲ့ကြောင်း သိရသည်။


အဝေးပြေးကားကြီး ဘီးကောက်အား ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၃၄၃)သိန်းဖြင့် ဈေးပြိုင်စနစ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ လေလံပြိုင်ဆွဲသူ နှစ်ဦးအနက် ပါလျှံရပ်ကွက်နေ ကိုမင်းမင်းဆွေမှ ကျပ်သိန်းပေါင်း (၄၂၃)သိန်းဖြင့် လေလံအောင်မြင်ခဲ့ကြောင်း သိရပြီး အပေါင်ဆိုင်လိုင်စင်လုပ်ငန်းများသည် ကြမ်းခင်းဈေးထက် အနည်းငယ်သာ တိုး၍ လေလံဆွဲကြကြောင်း သိရသည်။



ယင်းလေလံအခမ်းအနားသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် စည်ပင်သာယာရေးကော်မတီများ၊ အထောက်အကူပြုအဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ တက်ရောက်ခဲ့ကြသည်။

ပုံများကိုကြည့်ရန်
ထိုင်း - မြန်မာ အမှတ်(၁)(၂)တံတား
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>