Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း တာချီလိတ်၌ သုံးသပ်

$
0
0
ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရန်အတွက် တာချီလိတ်ခရိုင်အဆင့် မြစိမ်းရောင် ခရိုင်အဆင့် သုံးသပ် ဆွေးနွေးပွဲအား ဇန်န၀ါရီ (၂၉)ရက် နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။



အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက  နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ်များအား အကျယ်တ၀င့် ရှင်းလင်းတင်ပြပြီး ရှေးဦးစွာ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ခရိုင် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းသိမ်း တို့က မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး အဖွင့် အမှာစကားပြောကြားသည်။


ထို့နောက် တာချီလိတ် ၊ မိုင်းဖြတ်၊ မိုင်းယောင်း မြို့နယ်များမှ ကိုယ်စားလှယ်တစ်ဦးစီ၏ သုံးသပ်ဆွေးနွေး ပွဲများမှ ရရှိသည့် ရလဒ်များကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ တာချီလိတ်မြို့နယ် ဦးစီးမှူး ဦးတင်ဝင်းမောင်၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူး ဦးစိုင်းလောင်မှိုင်း နှင့် မိုင်းယောင်းမြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးစိုး တို့က မြို့နယ် အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲများမှ ရရှိသည့် ရလဒ်များ၊ အားနည်းချက်၊ အားသာချက် နှင့် စိန်ခေါ်မှုများကို လည်းကောင်း ဆွေးနွေးတင်ပြသည်။


        အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများ ၊ တာချီလိတ် ၊ မိုင်းဖြတ် ၊
မိုင်းယောင်းမြို့နယ် အတွင်းရှိ မြစိမ်းရောင်ကျေးရွာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ
ဝင်များ ၊ လေ့လာသူများ တက်ရောက်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်
ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား ၀ိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရှိရသည်။

သတင်း ။  ။ မောင်ယဉ်ကျေး
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>