Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ကွတ်ခိုင်အထွက်၌ ဖမ်းမိ

$
0
0
ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့အထွက်၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြား နှင့် ဘိန်းဖြူများအား သယ်ဆောင်လာသူနှင့်အတူ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့ ညပိုင်းက ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ကွတ်ခိုင် - ကောင်းခါးသွား ကားလမ်းဖြစ်သည့်  ကွတ်ခိုင်မြို့အထွက် ယူကလစ်တောအနီး လမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ  မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စောင့်ဆိုင်းနေကြစဉ် လွယ်ခန်ရွာဘက်မှ ကွတ်ခိုင်ဘက်သို့ လအိုင်(ကျား) မောင်းနှင်လာသည့် တရုတ်နိုင်ငံလုပ် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ သို့ဝှက်သယ်ဆောင်လာသည့် 88 နှင့် 1 စာတမ်းတစ်ဖက်စီပါ ပန်းရောင် စိတ်ကြွဆေးပြား (၇၉၂)ပြား နှင့် အလေးချိန် (၂၈)ဂရမ်ရှိသည့် ဘိန်းဖြူမှုန့်များကို ရှာဖွေ သိမ်းဆည်းရမိကြောင်း သိရပြီး ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးငွေမှာ ကျပ်(၂၁)သိန်းခန့် တန်ဖိုးရှိကြောင်း အဆိုပါ မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ လအိုင်(ကျား)၏ ထွက်ဆိုချက်အရ ယခုဖမ်းဆီးရမိသော လွယ်ခန်ကျေးရွာမှ ဂါလိုင်ကျေးရွာသို့ သယ်ဆောင်ပေးပါက တစ်ခေါက်လျင် ကျပ်(၅)သိန်း ပေးမည်ဖြစ်ကြောင်း သယ်ဆောင်ခိုင်းသူမှ ပြောသဖြင့် ၎င်းအနေနဲ့ သယ်ဆောင်ပေးတာဖြစ်ပြီး လွယ်ခန့်ရွာမှ အထွက် ကွတ်ခိုင်မြို့အ၀င် ယူကလစ်တော အရောက်မှာ ယခုလို ဖမ်းဆီးခံရတာဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ လအိုင်း(ကျား)အား ကွတ်ခိုင်မြို့မရဲစခန်းမှ မယ(ပ) ၃/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်တရားခံအား ဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက် အဆိုပါ မူးယစ်တပ်ဖွဲ့မှ နယ်မြေခံရဲတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း ဆောင်ရွက်နေလျက်ရှိကြောင်း သတင်းရရှိသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>