Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

လားရှိုးသို့ သယ်ဆောင်မည့် စိတ်ကြွဆေးပြားများ ကွတ်ခိုင်အထွက်၌ ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက် နေ့လယ် (၁)နာရီ (၃၀)အချိန်ခန့်က မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကွတ်ခိုင်မြို့အထွက် ယူကလစ်တောအနီးက လမ်းမပေါ်တွင် စိတ်ကြွဆေးပြားများအား သယ်ဆောင်လာသူနှင့် အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင် - ကောင်းခါးသွား ကားလမ်း ကွတ်ခိုင်မြို့အထွက် ယူလစ်တော အနီးရှိ လမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေကြစဉ်မှာ လွယ်ခန်ရွာဘက်မှ ကွတ်ခိုင်ဘက်သို့ ကောင်းရုံပေါက်(ကျား) မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေ စစ်ဆေးရာ ထိုင်ခုံအောက်ရှိ ဘတ္ထရီဘေးဖုံးဘောက် အတွင်းမှ 88 နှင့် 1 စာတမ်းတစ်ဖက်စီပါသည့် ပန်းရောင် စိတ်ကြွဆေးပြား (၁၉၈၀)ပြားကို ရှာဖွေတွေ့ရှိရာ အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ်(၃၉)သိန်းကျော် ရှိကြောင်း မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ ကောင်းရုံပေါက်(ကျား)က ယခုဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများကို လွယ်ခန်ရွာဘက်မှ ကွတ်ခိုင်မြို့သို့ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာခဲ့တာ ဖြစ်ကြောင်း နှင့် ယခုဆေးပြားများအား သယ်ဆောင်ခအဖြစ် ငွေကျပ်(၂)သိန်းဖြင့် သယ်ဆောင်ပေးတာ ဖြစ်ပြီး၊ လားရှိုးသို့ သွားရောက်ပို့ဆောင်ရန် ထွက်ခွာလာရာမှ ယခုလို ကွတ်ခိုင်မြို့အထွက်မှာ ဖမ်းဆီးခံရတာ ဖြစ်ကြောင်း ထွက်ဆိုကြောင်း သိရသည်။

ဆက်လက်၍ စိတ်ကြွဆေးများအား သယ်ဆောင်လာသူ ကောင်းရုံပေါက်(ကျား)အား ကွတ်ခိုင်မြို့မ ရဲစခန်းတွင် မယ(ပ) ၂/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံအား ဖမ်းဆီး ရမိရေးအတွက် မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးနှင့် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ တို့မှ ပူးပေါင်း ဆောင်ရွက်နေလျက်ရှိကြောင်းလည်း သတင်းရရှိသည်။

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~ ကြော်ငြာ ~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းမှ အသင်းသားစုံညီ နှင့်...


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>