Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ကျင်းပသည့် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလေးအပြု အခမ်းအနား စုပေါင်းပါဝင်

$
0
0
ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက်တွင် ကျရောက်သော (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့  နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအား အလေးပြုခြင်း အခမ်းအနားကို နံနက် (၄း၂၀)နာရီအချိန်က တာချီလိတ်မြို့နယ် ဘုရင့်နောင်ရင်ပြင်တွင် ကျင်းပပြုလုပ်ပြီး နံနက်(၆း၃၀)နာရီ အချိန်တွင် ပြည်သူလူထုပါဝင်သည့် အဖွဲ့မှ စုပေါင်း အလေးပြုခြင်း အစီအစဉ်ကို ဆက်လက်၍ ကျင်းပပြုလုပ်ကြသည်။




နံနက်(၆း၃၀)နာရီအချိန်တွင် ပြုလုပ်သည့် စုပေါင်းအလေးပြုခြင်း အခမ်းအနား၌ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ပါဝင်သည့် နိုင်ငံရေးပါတီများ၊ အထောက်အကူပြုအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကွက်/ကျေးရွာ လုပ်သားပြည်သူများ စုံလင်စွာဖြင့် တက်ရောက်၍ အလေးပြုခဲ့ကြသည်။




အလေးပြုခြင်း အစီအစဉ်ပြီးသည့်နောက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသ၀ဏ်လွှာကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဖတ်ကြားသည်။








ယင်းနောက် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလေးပြုခြင်းအခမ်းအနားပြီးမြောက်စေခဲ့ကြပြီး အလေးပြုပွဲသို့ တက်ရောက်လာသူများထဲမှ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများထဲမှ လူဦးရေ (၁၀၀)စာအတွက် တာချီလိတ်မြို့ ဗယ်လင်တိုင်း - ကဖေး နှင့် အအေး စားသောက်ဆိုင်မှ   နံနက်ခင်း အစားအစာများဖြင့် ဒါနပြုကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ စုပေါင်း အလေးပြု
91 photos

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>