Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရှမ်းမြောက်ပိုင်း ပန်ဆိုင်းမြို့တွင် ကျပ်သိန်းပေါင်း (၈၇၀၀)ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိ

$
0
0
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ငွေကျပ်သိန်း (၈၇၀၀)ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးမျိုးစုံကို မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ မြို့နယ်လှုပ်ရှားအဖွဲ့နှင့် မူဆယ် (၁၀၅)လှုပ်ရှားအဖွဲ့တို့ ပူးပေါင်းပါဝင်သော အဖွဲ့မှ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၂)ရက်နေ့ မွန်းလွှဲ(၁)နာရီ အချိန်ခန့်က ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။


အဆိုပါ ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၂) အိမ်အမှတ်(--)အား  နေအိမ်ရှာဖွေခွင့် ၀ရမ်းဖြင့် ၀င်ရောက်ရှာဖွေရာ လော်ကျင့်မြန်(မ)အား နေအိမ်တွင် အသင့်တွေ့ရှိရပြီး တန်ဖိုးကျပ်ငွေသိန်းပေါင်း (၂၁၀၀)ရှိသည့် (၉၉၉)တံဆိပ်ပါ ဘိန်းဖြူဘလောက်တုံး (၁၀.၅)ကီလိုခန့်နှင့် တန်ဖိုးငွေကျပ် သိန်းပေါင်း (၅၆၈၀)ရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား (၂၉၄၀၀၀)ပြား၊ တန်ဖိုးငွေကျပ်သိန်းပေါင်း (၈၈၀) ရှိသည့် ICE (၉)ထုတ်(၈.၈)ကီလို နှင့် ဘိန်းစိမ်း (၇)ကီလိုခန့်အား သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိမှု တန်ဖိုးငွေ စုစုပေါင်းမှာ ကျပ်သိန်း(၈၇၃၀) ရှိကြောင်းသိရသည်။

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့်အတူ  ပန်ဆိုင်း(ကြူကုတ်)နယ်မြေရဲစခန်းတွင် မယ(ပ) ၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် လော်ကျင့်မြန်(မ)အား အမှုဖွင့်လှစ် အရေးယူထားရှိပြီး ကွင်းဆက်တရားခံအဖြစ် ဆောက်လောက်ပကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိ ကြောင်း အဆိုပါမူးယစ်တပ်ဖွဲ့စုမှ သိရှိရသည်။
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>