Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

၂၀၁၅ အစတွင် တာချီလိတ်၌စိတ်ကြွဆေးပြား ၂၂၀၀ ကျော် နှင့်အတူ (၉)ဦး ဖမ်းဆီးရမိရာ

$
0
0
၂၀၁၅ခုနှစ် ဇန်န၀ါရီ(၁)ရက်နေ့ တစ်နေ့တည်းတွင် မူးယစ်ဆေးဝါးနှိမ်နင်းမှုများနှင့် ပတ်သက်၍ နံနက်ပိုင်း၌ တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်လုံးကျေရွာအုပ်စုရှိ ဟွေရဲကျေးရွာ နှင့် ၀ိန်းကျောက်ရပ်ကွက်၊ စသည့်ရပ်ကွက်တို့တွင် စိတ်ကြွဆေးပြား စုစုပေါင်း (၂၂၀၀)ကျော် နှင့် ဘိန်းဖြူအနည်းငယ်တို့ကို လက်ဝယ်တွေ့ရှိသူ (၉)ဦးနှင့်အတူ (၄)မှုအဖြစ် ဖမ်းဆီးသိမ်းဆည်းရမိဖြစ်ပြီး ပုဒ်မအသီးသီးဖြင့် အမှုဖွင့်အရေးယူထားကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သတင်းရရှိသည်။


မူးယစ်ဆေးဝါးများ ရှာဖွေဖမ်းဆီးမှုများနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များမှ နံနက်(၇)နာရီအချိန်တွင် တာချီလိတ်မြို့နယ် ဆန်ဆိုင်းရပ်ကွက်အတွင်း၊ ၀မ်မိုင်ရွာ အိမ်အမှတ်(၇/...)ရှိ ဒေါ်လှလှသန်းထံမှ Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၈၈)ပြားနှင့် ပန်းရောင်စိတ်ကြွဆေးပြား (၁၉၇)ပြား စုစုပေါင်း (၂၈၅)ပြားကို ရှာဖွေတွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ထို့အတူ နံနက်(၈)နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့နယ် ၀မ်လုံးကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာရှိ အားရဲ နှင့် ဇနီးဖြစ်သူ မဘူးရှီတို့၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ Wy စာတမ်းပါ စိတ်ကြွဆေးပြား နှင့် WR စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၈၀၀)ပြားကို ရှာဖွေတွေ့ရှိရသည့်အတွက် ၎င်းတို့အား တာချီလိတ်မြို့မ ရဲစခန်းတွင်  မယ(ပ)၂/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဆက်လက်၍ နံနက်(၁၀)နာရီခန့်က အဆိုပါအဖွဲ့မှ တာချီလိတ်မြို့နယ် ၀ိန်းကျောက်ရပ်ကွက်၊ ရွှေမိသားစု ဟိုတယ်တွင် တည်းခိုနေသော စိုင်းငင်း၏ အခန်းအား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာ Wy စာတမ်းပါ လိမ္မော်ရောင်/အစိမ်းရောင် ရှိသည့် စိတ်ကြွဆေးပြား စုစုပေါင်း (၁၀၂၀)ပြား နှင့်အတူ အလေးချိန် (၉၀)ဂရမ်ရှိသည့် ဘိန်းဖြူဘလောက်တုံး အဖြူရောင်အခဲ အကြေတို့ကိုလည်း ရှာဖွေတွေ့ရှိရ၍ ၎င်းအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၃/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)အရ အရေးယူ ထားရှိကြောင်းလည်း သိရသည်။

ဆက်လက်၍ ယနေ့ နံနက်(၁၀း၁၅)နာရီအချိန်ခန့်တွင် တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်မိုင်ရွာ ရှိ စိုင်းဆောင် နှင့် နန်းဖားတို့၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာမှ ၎င်းတို့ အိမ်တွင် စိုင်းတွီ၊ စိုင်းအမ်းတစ် နှင့် စိုင်းစံကျွန်းတို့ (၃)ဦးကိုလည်း တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၀၈)ပြား နှင့်အတူ ထိုင်းဘတ်ငွေ(၂၅၀၀)ဘတ် တို့ကိုလည်း ရှာဖွေတွေ့ရှိရာ ၎င်းတို့ (၅)ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၄/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>